4

212 24 0
                                    

10 years later

" တော်တော်ပြောင်းလဲသွားတာဘဲ "

နိုင်ငံခြားမှ ကျောင်းသွားတတ်တာ 10စုနှစ် တခုကို ကျော်လွန်ခဲ့ပြီ  ခုတော့  သူ့နှလုံးသား တခြမ်းကို ပြန်ရှာဖို့ ပြန်လာခဲ့ပြီ အမိ နိုင်ငံလေးရယ်

"ဘာကိုလဲ Jongin "

"အကုန်ပေါ့ အရင်10နှစ်လောက်က ဒီလောက်လူမစည်ကားသေးဘူးလေ"

"အင်း အဲ့ဒါတော့ ဟုတ်တယ် ဒါနဲ့ မင်းက မင်းအိမ်ကိုဘဲ ပြန်မှာလဲ "

"မဟုတ်ဘူး ငါပြန်လာကို ငါအဖေကို မသိစေချင်ဘူး ပြီးတော့ သူ့နောက်မိန်းမ မျက်နှာကိုလဲ ငါမမြင်ချင်ဘူး ငါ Lotto world နားမှာ ခြံတစ်ခြံဝယ်ထားတယ် အဲ့ဒီမှာနေမှာ မင်းကရော Chanyeol"

"ငါက အိမ်ပြန်ရမှာပေါ့ကွာ ဒါပေမဲ့ ငါခုပြန်လာတာ အိမ်က ဘယ်သူမှ မသိသေးဘူး "

" အေးပါ ဒါဆို ငါသွားတော့မယ် ညနေကျ ဆိုင်တဆိုင်မှာ ဆုံကြတာပေါ့ကွာ bye"

" အေးကွာ bye"

အသေးလေး ကိုယ်ပြန်လာပြီ မင်းကို ရှာဖို့ မကြာခင် လာခဲ့မယ်နော်

~~~~~~~

"ခလွမ်း! အ့! "

"ဒိုဂျောင်ဆူး နင်ပန်းကန်လေးတချက်တောင် သေချာ မကိုင်နိုင်ဘူးလား ဟမ် ငါမေးနေတယ်လေ အားနေ အဲ့ဒီမျက်ရည်ကျဖို့ဘဲ တွေးမနေနဲ့"

"တောင်းပန်ပါတယ် ကျွန်တော် တောင်းပန်ပါတယ် တီတီလေးရယ်"

"ကျစ် နင်အပြစ်ကို နင်သိတယ်နော် အဲ့ပန်းကန်တစ်ချက်ဘယ်လောက်တန်လဲ နင်သိလား ဒီည ညစာ စားဖို့ စိတ်မကူးနဲ့ သွားတော့ နင်မျက်နှာ မမြင်ချင်ဘူး "

"ဟုတ် ဟုတ်ကဲ့"

ဒါတွေဟာ ဂျောင်ဆူး ကြုံနေကြပါ ဒီအိမ်ကို စရောက်ထဲက အိမ်တော်ထိန်း ကြီးကြီးနဲ့တူတူ အလုပ်သမားတန်းလျားမှာ နေရတယ် ပြီးတော့ အိမ်မှုကိစ္စအကုန်လုံးလဲ လုပ်ပေးရတယ် ဒါပေမဲ့ ဘယ်တော့မှ အကောင်းမပြောခံရဘူး ကျွန်တော့်မှာ ဘာအပြစ်တွေရှိလို့ အဲ့လောက်မုန်းနေလဲ မသိဘူး

ခုလဲ သူမွေးထားတဲ့ သူ့ကြောင်တိုက်သွားလို့ ပန်းကန်ကွဲတာ ပြီးတော့ အဲ့ဒီအကွဲစတွေ ခြေထောက်မှာ ဆူးနေတာတွေ မမြင်ဘဲ အမြဲ သူ့အပေါ်ဘဲ အပြစ်ပုံချတယ်

Love Is GoneWhere stories live. Discover now