" မင်းတို့က တကယ် လက်ထပ်မယ်ဆိုတာ သေချာပြီလား"
ထမင်းဝိုင်းမှာဖေဖေက သူ့ကို ပထမဆုံးမေးလာတဲ့ စကား
"သေချာတယ် ဖေဖေ သားအနားမှာ အသေးလေးမရှိလို့ မဖြစ်ဘူး"
"မင်းတို့က တခြားသူတွေနဲ့ မတူဘူးနော် တကယ်လို့ ပတ်ဝန်းကျင်က ပြောလာခဲ့ရင် မင်းဒီကလေးကို ဘယ်လိုကာကွယ်ပေးမှာ ဒီကလေးကရော အဲ့လိုတွေ ပြောတာကို ခံနိုင်ရည်ရှိပါ့မလား"
"သားကတော့ အသေးလေးအပေါ် မကောင်းတာ တစ်ခုမှ မကျရောက်အောင် ကာကွယ်ပေးမှာ ပတ်ဝန်းကျင်က အားကျရလောက်အောင် ကျွန်တော်ကချစ်ပြမှာ"
"ကျွန်တော်လဲ ပတ်ဝန်းကျင်ကို ဂရုမစိုက်ပါဘူး အဓိကက Kim ကျွန်တော့်နားရှိနေရင်ရပြီ"
"ဟုတ်ပြီလေ မင်တို့သေချာရင် ဒီကလေးအိမ်ကိုပြောပြီး လက်ထပ်ဖို့ တိုင်ပင်ကြတာပေါ့"
ဖေဖေကအသေးလေးအကြောင်းကို မသိသေးဘူးထင်တယ်
"ဖေဖေ အသေးလေးက အိမ်ပေါ်ကဆင်းလာတာ "
"ဒါပေမဲ့ သူ့မှာ မိသားစုရှိတယ်လေ အနည်းဆုံးတော့ သူ့အုပ်ထိန်းသူအနေနဲ့ ခွင့်ပြုပေးဖို့လူလိုတယ်"
"အဲ့ဒါဆို ဒီတိုင်းဘဲ စီစဉ်လိုက်ပါဦးလေး ဘာလို့လဲဆို ကျွန်တော်ကို သူတို့က မိသားစုဝင်အဖြစ်မသတ်မှတ်ထားလို့ပါ"
သူ့ကို တီလေးက ဘယ်တုန်းကမှာ တူတစ်ယောက်လို မဆက်ဆံခဲ့ဖူး မိသားစုဝင်အဖြစ်ဆို ပိုလို့တောင် ဝေးသေးတယ်
"ဟုတ်ပြီလေ ဒီကလေးက အဆင်ပြေရင် ဒီလထဲ လက်ထပ်ဖို့ စီစဉ်ကြတာပေါ့ ပြီးတော့ မင်းလဲ အလုပ်လေးဘာလေး လုပ်ဖို့ စဉ်းစားထား"
"ဟုတ် သားစဉ်းစားထားပါတယ်"
"ဟို ဒါဆို ကျွန်မသားငယ်ကိုပေးစရာရှိတယ် ခနလေးနော်"
မေမေက သူ့ကို ဘာပေးမို့ပါလိမ့်
"ဒီမှာ သားငယ်အတွက်မေမေရဲ့ လက်ဆောင်ပါ"
သူယူကြည့်လိုက်တော့ company လွှဲပြောင်းခွင့်စာချုပ်တစ်ခု
"မေမေ ဒါက ...."

YOU ARE READING
Love Is Gone
Fanfiction" အတိတ်မှာ ဖြစ်ခဲ့တာတွကို စိတ်ထဲမထားဘဲ ကိုယ့်ပေးမယ့် အချစ်တွေကိုသာ နောင်တမရဘဲ ခံယူပေးပါ ရှေ့ဆက်လျှောက်မယ့် မင်းဘဝလေးကို တာဝန်ယူပါရစေ " Kim Jongin " အတိတ်ဆိုတဲ့အကြောင်းအရာတွေက ကျွန်တော်အတွက် နာကျင်ရတာထက်ပိုတယ် အဲ့ဒါတွေကို စွန့်လွှတ်ပြီး Kim နောက်လ...