11

161 22 3
                                    

ခုကစပြီး ကျွန်တော်တို့ မဝေးရတော့ဘူး ထင်ပါတယ် Kim ရယ်

ဘေးကနေ ကားမောင်းနေတဲ့ Kim မျက်နှာလေးကို ကြည့်ရတာ တကယ် အဖိုးတန်ပန်းချီကားဘဲ အား ကျွန်တော်ချစ်သူကြီးက တယ်ချောတာဘဲ

ဒီရင်ခွင်မှာ ခိုလှုံရတဲ့ သူ့အတွက်ကတော့ အနွေးထွေးဆုံးနဲ့ အလုံခြုံဆုံးဘဲ

"အသေးလေး ကိုယ့်ကို ဒီတိုင်းဘဲ ကြည့်နေတော့မှာလား"

"အင်း ဒီလောက်ချောတဲ့သူနဲ့ တူတူနေရတော့မယ်လို့ တကယ် မယုံနိုင်သေးဘူး ဟိဟိ"

ဟိဟိဆိုတဲ့ အသံလေးတောင် ထွက်လာ‌တာဆိုတော့ တော်တော်သဘောကျနေတာဘဲ ဒီကလေးက

"အိမ်ရောက်မှ ယုံသွားအောင် သက်သေပြမယ် အဲ့ကြမှ ထွက်မပြေးကြေးနော်"

"Kim! ဘာတွေ ပြောနေတာလဲ ရှက်စရာကို"

"ဟေ့ ဟေ့ ကိုယ်က မေမေတို့နဲ့ တွေ့ပေးပြီ လက်ထပ်ဖို့ ပြောမလို့ပါ ဒီ‌သေးသေးလေးက ဘာမဟုတ်တာတွေ တွေးနေတာလဲ ပြောစမ်း"

"ဟာ တော်ပြီကွာ မသိတော့ဘူး မရောက်သေးဘူးမလား အိပ်လိုက်ခဲ့မယ် ဘာမှ လာမပြောနဲ့တော့ "

ရှက်နေရင် ပါးလုံးလုံးပေါ်မှာ ပန်းရောင်သန်းလာပြီး နှုတ်ခမ်းလေးကဆူဆူလေးနဲ့ အသဲယားပြီး ဆွဲကိုက်ချင်လာပြီ ဟင်း

စိတ်ထိန်း Kim jongin စိတ်ထိန်း မကြာခင် မင်းအပိုင်ဖစ်လာတော့မှ အဲ့ကြမှ အဝချစ်

ဟောကြည့် အိပ်ချင်ယောင်ဆောင်ပြီး တကယ်အိပ်ပျော်သွားတယ်ထင်ပါတယ် ပါးစပ်ကလေးတောင် ဟလို့

" အသေးလေး ကလေး ထတော့ အိမ်ရောက်ပြီ ဆင်းကြရအောင်"

"အင်းးးး ရောက်ပြီလား ဟီး ကျွန်တော် အိပ်ပျော်သွားတယ်"

"ကဲ ဆင်းရအောင် အထဲမှာ မေမေစောင့်နေတယ် "

"ဟုတ်..."

~~~

"မေမေ ဟို ‌သားကောင်လေးကို ရှာတွေ့လာပြီ ပြီးတော့ သူ့မှာ နေစရာအိမ်မရှိတော့ တခါတည်းခေါ်လာခဲ့လိုက်တယ် "

"ဟင် ဘယ်မှာတုန်းသားရဲ့ မေမေတော့ တွေ့ချင်လာပြီ ဒီလို အေးစက်စက်သားနှလုံးသားကို လှုပ်နိုးတဲ့သူက ဘယ်လိုလေး ဖစ်မလဲဆိုတာ သိချင်နေပြီ ခေါ်လိုက်လေ "

Love Is GoneWhere stories live. Discover now