" Chanyeol hyung ခုကန်တင်းမှာ ထမင်းသွားစားမလို့လားဟင်"
"မဟုတ်ဘူး အကိုက အဖေရုံးခန်းမှာသွားစားမှာ မေမေချက်ပေးလိုက်တယ်လေ"
"ဟုတ်လား ကျွန်တော် အိမ်မှာပိုက်ဆံအိတ်ကျန်နေခဲ့လို့ Chanyeol hyung ကို ဝယ်ကျွေးခိုင်းမလို့ဟာကိုး ခုတော့ နေ့လည်စာ ငတ်ပါပြီ"
"မဟုတ်တာ အကိုဝယ်ကျွေးမှာပေါ့ "
"ဒါပေမဲ့ အကို့ကရော"
"အကိုလဲ မင်းနဲ့ဘဲ တူတူစားတော့မယ်။ လာသွားကြစို့"
Chanyeol မရဲတရဲနဲ့ ကောင်လေးလက်ကလေးကို ကိုင်ကာ ကန်တင်းကို ချီတက်လိုက်သည် ဒီကောင်လေးက သူ့အကြည့် သူ့အပြုံး သူနှလုံးသားကိုပါ ရင်ခုန်အောင် လုပ်နိုင်တယ် သိပ်ပြုစားလွန်းတယ်
~~~~
"Kim ကျွန်တော် ပြန်ချင်ပြီ နောက်ကျရင် တီတီလေးရိုက်မှာ ကြောက်လို့"
"ဂျောင်ဆူး ကလေးမှ မဟုတ်တော့တာ ဘာလို့ရိုက်မှာလဲ ပြီးတော့ ဂျောင်ဆူး တီလေးရိုက်ရင် ကိုယ်ဆီပြေးလာခဲ့ ကိုယ်က ဂျောင်ဆူးလေးကို အမြဲကာကွယ်ပေးမှာ ဖစ်နိုင်ရင် ခုထဲက ပြန်တောင်မလွှတ်ချင်တော့ဘူး "
"သိပ်ပြောတတ်နေတာ ပြောစမ်း ဒီတော်ကီတွေနဲ့ ကောင်မလေးဘယ်နှစ်ယောက်ကို ချုပ်ခဲ့လဲ "
"အင်း လေးငါးယောက်လောက်ထင်တယ် "
"Kim တ တကယ်ကြီးလားဟင်"
သူစတာကို တကယ်ထင်သွားကာ စိတ်မကောင်းဖစ်သွားတဲ့ အသေးလေးကို
"ဂျောင်ဆူး ဒီကိုကြည့် ကိုယ်ရဲ့ ရင်ခုန်သံကလေ ဟိုး၁၀နှစ်ကျော်လောက်က ကစားကွင်းမှာတွေ့ခဲ့တဲ့ ကောင်လေးပေါ်မှာဘဲ ဖစ်တည်ခဲ့တာ ခုချိန်ထိဘဲ အချိန်တွေ ဘယ်လိုပြောင်းပြောင်း ကိုယ်ချစ်တာက ဒီက အသေးလေးကိုဘဲ ဒါကြောင့် ဘာမှ စိတ်မကောင်းမဖစ်နဲ့တော့ ကိုယ့်က ကိုယ့်အသက်နဲ့ လဲရဲတဲ့အထိ ဂျောင်ဆူးကို ချစ်တာ"
"Kim .......... ကျွန်တော်လေ Kim ကားပေါ်မှာ နမ်းထဲက ဒီရင်ဘက်က ပေါက်ထွက်မတတ်ခုန်နေတာ ခု Kim က ဒီလိုတွေ ပြောနေတော့ ကျွန်တော့်ရင်ဘက်ကြီး ပေါက်ထွက်ပြီး သေတော့မလား မသိဘူး လုပ်ပါအုံး ဒီမှာ ကိုင်ကြည့် ဟုတ်တယ်မလား အရမ်းခုန်နေတာ မလားဟင် ကျွန်တော် သေတော့မှာလားမသိဘူး အီး ဟီး လုပ်ပါအုံး ကျွန်တော် Kim ကို ချစ်တယ်လို့ မပြောရသေးဘူး Kimနဲ့ အကြာကြီးလဲ နေချင်သေးတာကိုး လုပ်ပါအုံး အီး...."

YOU ARE READING
Love Is Gone
Fanfiction" အတိတ်မှာ ဖြစ်ခဲ့တာတွကို စိတ်ထဲမထားဘဲ ကိုယ့်ပေးမယ့် အချစ်တွေကိုသာ နောင်တမရဘဲ ခံယူပေးပါ ရှေ့ဆက်လျှောက်မယ့် မင်းဘဝလေးကို တာဝန်ယူပါရစေ " Kim Jongin " အတိတ်ဆိုတဲ့အကြောင်းအရာတွေက ကျွန်တော်အတွက် နာကျင်ရတာထက်ပိုတယ် အဲ့ဒါတွေကို စွန့်လွှတ်ပြီး Kim နောက်လ...