15

130 20 3
                                    

ဒီရက်ပိုင်း စာတွေကြောင့်ဘဲလားတော့မသိဘူး ဂျောင်ဆူး စိတ်‌ေတွအရမ်းပင်ပန်းနေတယ်။ တခါတလေ ခေါင်းကလဲ ရိပ်ခနဲ ရိပ်ခနဲ မူးနေတတ်တယ် ။ Kim ကိုပြောချင်ပေမဲ့လဲ ခုတလော လက်ထပ်ဖို့ကိစ္စတွေ အလုပ်တွေနဲ့ ပင်ပန်းနေတဲ့  ချစ်ရသူကို ထပ်ပြီး အပူမကပ်ချင်ဘူး။‌ ဘတ်ခ်ဟျွန်းအားတဲ့နေ့ကျမှ ဆေးရုံတစ်ခေါက်လောက်သွားပြကြည့်တော့မယ်

"အသေးလေး ဒီနေ့နေ့လည်စာဆင်းမစားဘူးဆို"

"ဟုတ်တယ် ကျွန်တော်မဆာလို့ပါ  Kim "

တကယ်တော့ သူစားဖို့ လုပ်ပါသေးတယ် ဒါပေမဲ့ ထမင်းအကြောင်းတွေးလိုက်တာနဲ့ အလိုလို အန်ချင်လာတယ်

"ဒါပေမဲ့လည်း ဆင်းစားရမှာပေါ့  တော်ကြာ အစာအိမ်ကထပ်အောင့်ရင် ဘယ်လိုလုပ်လဲ ကိုယ်က အလုပ်သွားနေရတာ အသေးလေးကို စိတ်ပူတယ် ။ကိုယ်စိတ်ထဲကအတိုင်းဆို  အသေးလေးနားမှာဘဲနေချင်တာ"

"Kim ကလည်း ကလေးဆန်လိုက်တာကျွန်တော်နောက်ဆို ဂရုစိုက်ပါမယ် Kimသာ အလုပ်ကို ဖြောင့်အောင်လုပ်"

"ကိုယ်က ကလေးဆန်တာမဟုတ်ပါဘူး မင်းလေးကို သိပ်ချစ်တတ်တာလေ"

"လူတတ်ကြီး"

"ကဲ ခု ကိုယ်နဲ့တူတူထမင်းသွားစားရအောင်"

"ဟို ကျွန်တော်ထမင်းမစားချင်ဘူး "

"ဒါဆို ကိုယ့်အသေးလေးက ဘာစားချင်လိူ့လဲ ကိုယ့်ကိုလား "

ပြုံးတိတိမျက်နှာထားနဲ့ ပြောလာတဲ့ Kim မျက်နှာဟာ တကယ် ရှက်ကြောဖြတ်ခံထားရတဲ့ပုံပင်

"Kim! ..."

"စတာပါ ကိုယ်စတော်ဘယ်ရီပန်ကိတ်လေးလုပ်ပေးမယ် ကိုယ်‌ေသချာလုပ်တတ်တာ အဲ့တခုဘဲ ရှိတယ် ဒါပေမဲ့ အရသာက ဆိုးနေရင် ဆက်မစားရဘူးနော်"

"အင်းပါ  ခုတော့ မီးဖိုချောင်သွားရအောင် Kim ကိုယ်တိုင်လုပ်ကျွေးတဲ့ ပန်ကိတ်လေးကို စားချင်ပြီ"

"အချွဲလေး"

......

တဖြည်းဖြည်းမွှေးပျံ့လာတဲ့ ရနံလေးနဲ့အတူ  ဂျောင်ဆူးရှေ့ကိုရောက်လာခဲ့တဲ့ စတော်ဘယ်ရီပန်ကိတ်လေး

Love Is GoneWhere stories live. Discover now