-မနက်ဖြန် Yeonjunမွေးနေ့ဖြစ်သည်။
ခါတိုင်းမွေးနေ့တွေတုန်းက သူငယ်ချင်းတွေနဲ့ဘဲ ဖြတ်သန်းဖြစ်ပေမဲ့ ဒီနှစ်မွေးနေ့မှာတော့ အဖေပြန်ရောက်နေတာမလို့ အဖေ့ရဲ့ နှစ်ဝမ်းကွဲညီ ကျွန်တော့်ဦးလေးရှိသော အဖေ့မွေးရပ်မြေ ဘူဆန်သို့သွားရမည်ဖြစ်သည်။--ကျွန်တော့်ဦးလေးနာမည်က Kim Namjoon။
အသက်က 32နှစ်....အခုထိလူပျိုကြီး....ခန့်ချောကြီးဗျား...-
.
.
.
-ထို့နေ့မနက်ကပင် ယောန်ဂျွန်းတို့သားအဖသည် အထုပ်အပိုးပြင်ကာ ဘူဆန်သို့ဦးတည်တော့လေသည်။ ကားလေးနာရီကျော်ကျော်လောက်မောင်းပြီးတာနဲ့ မိမိဦးလေး၏အိမ်ဟုအမည်ရသော နှစ်ထပ်အိမ်အကျယ်ကြီးကို ရောက်လာခဲ့လေသည်။ ခြံစည်းရိုးလေးကလည်း သာမန် သစ်သားတံခါးအဖြူလေးဗျ။ -"နမ်ဂျွန်း....ငါ့ညီ....မွေးနေ့ကိုဂုဏ်ပြုပါတယ်ကွာ..."
"အာရီးဂူး.... ငါတို့အကိုကြီးက မှတ်မိနေတာလား။
လာလာ...ဝင်ကြ....ဝင်ကြ။ "- သူ့အကိုကြီးကို လောလော လောလောနဲ့ တံခါးပြေးဖွင့်ပေးရင်း ချထားသောပန်းအိုးနဲ့တိုက်တာ ခြံစည်းရိုးတံခါးကိုမှီမိပြီး ဂျလက်ကျိုးသွားရသည်။-
"အယ်....ကျိုး...ကျိုးသွားပြီဘဲ..."
-အဲ....ပြောဖို့ကျန်နေခဲ့သေးတာဗျ...ဦးဂျွန်းက ညီအကိုတွေထဲမှာ GODဆိုတဲ့ဘွဲ့ကိုရထားတဲ့တစ်ဦးတည်းသောလူ။ GODဆိုတာကတော့ God of Destruction (ဖျက်ဆီးခြင်း၏နတ်ဘုရား) ပါတဲ့။ ဘာလို့အဲ့လိုပြောလည်းဆိုတာ အပေါ်မှာ လက်တွေ့မြင်ခဲ့ရပြီမလား။ ဓာတ်ဝင်နေတဲ့လက်နဲ့ ဝင်လုဆဲဆဲဖြစ်နေတဲ့လက်တို့တွေ့ကြပြီပေါ့ကွာ...-
"ငါ့တူလေး...အထဲဝင်အုန်းလေးကွာ။ "
"ဟုတ် ဟုတ် ဦးဂျွန်း
Happy birthday "-နမ်ဂျွန်းလည်း အားရဝမ်းသာတူလေးအားကြိုဆိုရင်း လက်ထဲက သစ်သားတံခါးလက်ကိုင်အကျိုးလေးကို ရောက်ချင်တဲ့နေရာရောက် ဆွဲပစ်လိုက်သည်။ ပြီးတော့သူအိမ်ထဲဝင်သွားသည်။-
"အကိုကြီးတို့ထိုင်ဦးဗျာ...
အကိုကြီးတို့နားဖို့အခန်းကို ပြင်ဆင်ပေးမယ်။ "
YOU ARE READING
Forever[Completed]
Fanfiction// အမြဲတမ်း တစ်ဘဝလုံးစာအတွက် ချစ်တယ်။// -Gyu //တောင်းပန်ပါတယ်။ တစ်ဘဝလုံးစာအတွက် တကယ်မချစ်ပေးနိုင်ရင် ကျွန်တော့်ဘဝထဲဝင်မလာသင့်ဘူး။ // -hyun //ချစ်လားလို့ မေးချင်ပေမဲ့ မချစ်မှန်းသိလို့မမေးမိတော့ဘူး။// -Yeon //ချစ်ပါတယ်ဆိုတာကို ပြောပြဖို့ခက်နေတဲ့ကျွန်...