-ဆေးရုံထဲမှထွက်သွားသော taehyunကြောင့် beomgyuမှာ အပြေးလေးလိုက်ရပြန်သည်။ သိပ်လည်းအရှက်သည်းတတ်တာဘဲ ကမ္ဘာငယ်ရယ်။ -
"Hyun.....နေဦးလေ။ "
"Hyungဘာလို့လိုက်လာတာလည်း။ "
"Hyunကဘာလို့ထွက်ပြေးတာလည်း။ "
"ကျွန်...ကျွန်တော်က ရှက်လို့။ "
-မျက်နှာကိုလက်သေးသေးလေးဖြင့်အုပ်ကာ ထွက်ပြေးရန်ပြင်နေသော သူရဲ့ ကမ္ဘာငယ်။ -
"ဒါဆို hyunက ကိုယ့်ကိုမချစ်ဘူးလား။ "
"ဟာ..ဘာမှလည်းမဆိုင်ဘူးလေဗျာ။ "
"ကိုယ်ကတော့ ကမ္ဘာငယ်လေးကို ချစ်လိုက်ရတာ။
အခုတော့ ကမ္ဘာငယ်က ကိုယ့်ဆီကနေထွက်ပြေးနေတယ်။ ""ဟင်...ကမ္ဘာငယ်ဆိုတာက?"
"ခင်ဗျားလေးကိုခေါ်တာလေ။ "
"ကျွန်တော့်ကို ဘာလို့အဲ့လိုကြီးခေါ်တာလည်း။ "
"ချစ်လို့လေ။ "
-ပြောလေ၊ ပိုပြီးမျက်နှာလွှဲသွားလေဖြစ်နေသော ပေါက်စအား ပုခုံးလေးကနေ ကိုင်ကာ မျက်လုံးကိုစိုက်ကြည့်နေလိုက်သည်။ -
"မစိုက်ကြည့်ပါနဲ့။
ကျွန်တော်ပေါက်ထွက်သွားဦးမယ်။ ""ဟာ...ဟဟဟ "
"မရီနဲ့နော် hyung"
"ချစ်လား။ "
"အွန်း...အယ်...မဟုတ်ပါဘူး ။ "
"ဒါဆိုမချစ်ဘူးလား။ "
-မျက်နှာညှိုးသွားသလိုပုံစံလေးလုပ်ပြတော့ အသဲအသန်ပြန်လိုက်ချော့ရှာသည်။ -
"အဲ့လိုမဟုတ်ဘူးလေ။
ချစ်တယ်....hyunလည်း hyungကိုချစ်တယ်လို့။ ""ဟုတ်လို့လား hyunရယ်။
ကိုယ့်ကို သနားလို့မဟုတ်ဘူးလား။ ""မဟုတ်တာ။
Hyungနဲ့ ကန်တင်းမှာစတွေ့ကတည်းက သဘောကျတာ။ နတ်သားလေးများလားဆိုပြီး အကြာကြီးငေးနေမိတာ။ ""ကိုယ်ကတော့ မင်းကိုအဲ့မတိုင်ခင်ကတည်းက သဘောကျနေခဲ့ရတာ။ "
YOU ARE READING
Forever[Completed]
Fanfiction// အမြဲတမ်း တစ်ဘဝလုံးစာအတွက် ချစ်တယ်။// -Gyu //တောင်းပန်ပါတယ်။ တစ်ဘဝလုံးစာအတွက် တကယ်မချစ်ပေးနိုင်ရင် ကျွန်တော့်ဘဝထဲဝင်မလာသင့်ဘူး။ // -hyun //ချစ်လားလို့ မေးချင်ပေမဲ့ မချစ်မှန်းသိလို့မမေးမိတော့ဘူး။// -Yeon //ချစ်ပါတယ်ဆိုတာကို ပြောပြဖို့ခက်နေတဲ့ကျွန်...