- soobinဆေးရုံဆင်းတော့ မနေ့ကသူတို့တည်းခဲ့တဲ့ အဒေါ်ကြီးအိမ်သို့ လက်ဆောင်များဝယ်ကာ ပြန်သွားကြသည်။ -
"အဒေါ်ကြီး...."
"ဘယ်သူတွေလည်း"
"ကျွန်တော်တို့ပါ....မနေ့ကကောင်လေးတွေ"
"လာကြ...လာကြ။
အမယ်လေး....မျှော်နေတာ....ထိုင်ကြ ""ဟုတ်..."
-သူတို့မှန်းသိလေတော့ အဒေါ်ကြီးက အားရဝမ်းသာကြိုဆိုကာ ထိုင်ခိုင်းလေတော့သည်။ -
"လူလေး....နေကောင်းသွားပြီလား ။
မနေ့ညကတည်းက မင်းကိုစိတ်ပူနေတာကွယ့်""Nae....ကောင်းသွားပါပြီ။ "
"မကောင်းသေးပါဘူး။
သူ့ကိုအမြဲစောင့်ကြည့်နေရမှာ။ ""အွန်း....ဂရုစိုက်ကြ။ "
"ဒါလေးလက်ခံပေးပါ ajuma။ "
"နေပါစေကွယ်...လိုချင်လို့လုပ်ခဲ့တာမှမဟုတ်ဘဲ...။
မင်းတို့ကို ကူညီရတာဘဲဝမ်းသာလှပါပြီ။ "-ဘယ်လိုပေးပေး ငြင်းနေသော အန်တီကြီးအား သူတို့လက်လျော့ကာ မသိအောင်ထားခဲ့ရန်သာဆုံးဖြတ်လိုက်ကြသည်။ သူတို့ကျန်ခဲ့တဲ့အဝတ်တွေကို နေလှမ်းပေးထားပြီး ခြောက်သည်ကခြောက်နေလေပြီ။ soobinလည်း သူ့အဝတ်သူပြန်လဲကာ သူဝတ်ထားသော yeonjunအဝတ်ကို ပြန်ပေးလိုက်သည်။ -
"မင်းဘဲယူထားလိုက်....ငါအဲ့အင်္ကျီမကြိုက်ဘူး။ "
"ကျွန်တော်လည်းမကြိုက်ဘူး....
ခင်ဗျားပြန်မယူရင် ကျွန်တော်လွှင့်ပစ်ခဲ့မယ်။ "-အမှိုက်ပုံးထဲသို့လက်ဦးတည်နေသော soobinဆီက မနည်းလိုက်ပြန်လုကာ
"မလိုချင်ရင် လွှင့်ပစ်ရမယ်လို့ မင်းကိုဘယ်သူပြောလည်း။ သူများတွေပေးလို့ရတယ်။ ပြန်ပေး...."
"ပေးကတည်းက ယူလိုက်ရင်ပြီးနေတာကို...."
"ပြန်မယ်...."
"အွန်း"
-သူတို့အန်တီကြီးကိုနှုတ်ဆက်ကာ soobinအိတ်ယူသလိုမျိုးဖြင့် လင်ဆောင်ခြင်းအားအခန်းထဲဝင်ထားခဲ့လိုက်သည်။ ပြီးမှ ကားပေါ်ပြန်တက်ကာ yeonjunမောင်းထွက်သွားခဲ့သည်။ -
YOU ARE READING
Forever[Completed]
Fanfiction// အမြဲတမ်း တစ်ဘဝလုံးစာအတွက် ချစ်တယ်။// -Gyu //တောင်းပန်ပါတယ်။ တစ်ဘဝလုံးစာအတွက် တကယ်မချစ်ပေးနိုင်ရင် ကျွန်တော့်ဘဝထဲဝင်မလာသင့်ဘူး။ // -hyun //ချစ်လားလို့ မေးချင်ပေမဲ့ မချစ်မှန်းသိလို့မမေးမိတော့ဘူး။// -Yeon //ချစ်ပါတယ်ဆိုတာကို ပြောပြဖို့ခက်နေတဲ့ကျွန်...