(5)
- မနက်လင်းသည့်အခါ Junkyuလာနှိုးသောကြောင့် taehyunထလာခဲ့သည်။ မနက်စာလည်းပြင်ပေးထားတာမလို့ စားသောက်ပြီးနှုတ်ဆက်ကာထွက်လာခဲ့သည်။ အချိန်အားဖြင့် မနက်6:30။ -
-အိမ်ကိုပြန်ရောက်သောအခါ ဖေဖေက လှေကားကနေဆင်းလာသည်နှင့်တိုးသည်။ -
"သားငယ်....
ပြန်လာပြီလား.... မနေ့ညကပြန်မအိပ်တော့စိတ်ပူသွားတာ။ ဘာဖြစ်လို့လည်း""ဘာမှမဖြစ်ပါဘူး ဖေဖေ
Junkyuနဲ့ ရုပ်ရှင်ကြည့်ကြရင်းညဥ့်နက်သွားလို့ ပြန်မလာတော့တာပါ။ ""အော်....
Beomgyuတောင်လာသွားသေးတယ်။
သားနဲ့ချိန်းထားတယ်ဆိုပြီး အိမ်ရောက်လာလို့လေ....။ ""ဖေဖေ သားနားတော့မယ်။
စာလုပ်ရဦးမှာမလို့.....""အေးအေး....
မင်းဦးလေးHoseokက မင်းအတွက် နေ့ခင်းစာချက်ထားပေးခဲ့တယ်။ စားလိုက်နော်....ဖေဖေ အန်တီဟျိုအင်ဆီသွားလိုက်ဦးမယ်။ ""ဟုတ်ကဲ့ ဖေဖေ"
-သူအထဲဝင်ဖို့လုပ်တုန်း...
"အော် ဒါနဲ့ သားလေး....
ဟျိုအင်ရဲ့သားရော အဆင်ပြေရဲ့လား ""Yeonjun hyungလား။
သူအဆင်မပြေဘူး....ဒါပေမဲ့ စိတ်မပူပါနဲ့ ။
အန်တီကိုလည်း စိတိမပူဖို့ပြောပေးပါ။ ""အော် ဟုတ်ပြီ သားငယ်။
အထဲဝင်တော့....."-သူအဖေ့ကို နှုတ်ဆက်ပြီးတာနဲ့ အခန်းထဲဝင်လာခဲ့သည်။ မနေ့ညကလည်းတစ်ညလုံးမအိပ်ရသေးပေ။ ငိုရလွန်းလို့ မျက်ရည်တွေလည်းကုန်လောက်ပြီထင်ပါရဲ့...။ -
-အိပ်ယာပြင်ထက် လှဲလျောင်းကာ ဖုန်းကိုဖွင့်လိုက်တော့ soobinရော kaiရောကပါ စာတွေပို့ထားကြသည်။ beomgyuလည်းပါသည်။ -
//ငါအဆင်ပြေတယ်//
-ခဏကြာတော့ စာတွေဝင်လာသည်။ -
//မင်းဘယ်တွေလျှောက်သွားနေတာလည်း။
ငါတို့ရော beomgyu hyungရောဘယ်လောက်စိတ်ပူသွားရလည်းသိလား။ အခုအိမ်မှာလား ငါတို့လာခဲ့မယ်။ //
YOU ARE READING
Forever[Completed]
Fanfiction// အမြဲတမ်း တစ်ဘဝလုံးစာအတွက် ချစ်တယ်။// -Gyu //တောင်းပန်ပါတယ်။ တစ်ဘဝလုံးစာအတွက် တကယ်မချစ်ပေးနိုင်ရင် ကျွန်တော့်ဘဝထဲဝင်မလာသင့်ဘူး။ // -hyun //ချစ်လားလို့ မေးချင်ပေမဲ့ မချစ်မှန်းသိလို့မမေးမိတော့ဘူး။// -Yeon //ချစ်ပါတယ်ဆိုတာကို ပြောပြဖို့ခက်နေတဲ့ကျွန်...