Ep-(20)

170 25 52
                                    

"ဒါဆို မေမေ
အဲ့ဦးလေးကြီးရဲ့သားကရော..."

"မေမေတို့ရှာမတွေ့သေးဘူး သားကြီး...
အကိုဂန်က ရှာနေပေမဲ့ သူ့သားလေးကိုလုံးဝရှာမတွေ့သေးဘူး။ "

"အော်....တွေ့မှာပါ မေမေရယ်။
လောကကြီးက ကျဥ်းကျဥ်းလေးရယ်။"

"သားကြီးအခုလို မေမေ့ကို ခွင့်လွှတ်ပေးနိုင်တာမြင်ရတော့ မေမေသိပ်ဝမ်းသာတယ်။ "

"ဖေဖေလည်းရှင်းပြရင် နားလည်ပေးနိုင်လောက်တယ် မေမေရဲ့....။ "

"ဟင့်အင်း သား....
မေမေ မင်းအဖေကိုမတွေ့ချင်ဘူး။ မေမေ့ကိုအရှက်ခွဲခဲ့တုန်းက ဘယ်လိုလည်း။ "

"မေမေရယ် ဖေဖေက...."

"နောက်တော့ပြောရမှာပါသားရယ်....
အခုတော့ မင်းအဖေကို မပြောပြပါနဲ့ဦး။ "

"ဟုတ်ကဲ့ မေမေ"

-သူလည်းမေမေကိုဖက်ကာ အပြင်ပြန်ထွက်လာတော့ taehyunအိမ်မှာ စောင့်နေကြသော ကိုယ့်လူတွေကိုတွေ့လိုက်သည်။ -

"သားကြီး...မေမေ ပြန်ဦးမယ်။
နောက်တစ်ပတ်ကစလို့ ဒီအိမ်မှာ ဆောနူနဲ့အတူနေမှာ သားရဲ့...။ "

"သားနေ့တိုင်းလာတွေ့မယ်နော် မေမေ"

"အေးပါ သားရယ်"

-အားလုံးက နှုတ်ဆက်ပြီးအထဲဝင်သွားသော်လည်း သူနဲ့အမေနဲ့စကားပြောနေတာကို ဂရုတစိုက်ကြည့်နေတာက ဆူဘင်းပင်။ -

"စွာစိဘာတွေလာကြည့်နေတာလည်း...
ဒါကိုယ့်မေမေလေ။ "

"သားကြီး....
ကလေးကိုဘယ်လိုခေါ်လိုက်တာလည်း....
မေမေမကြိုက်ဘူးနော်"

"မဟုတ်ပါဘူး မေမေရဲ့....
သူနဲ့သားနဲ့စတွေ့တုန်းက သူကအရမ်းစွာလို့ အဲ့လိုခေါ်တာ။ "

"နောက်ကစမခေါ်ရဘူး...ကြားလား သား"

"မေမေကလည်း.... "

"အခုမှပြန်အဆင်ပြေထားတာမေမေမဆူချင်ဘူး။
ကလေးက ဘယ်လောက်ချစ်ဖို့ကောင်းလည်း....မျက်လုံးဝိုင်းဝိုင်းလေး၊ ဟော နှုတ်ခမ်းဖူးဖူးလေးနဲ့ ဆံပင်အုပ်အုပ်လေးနဲ့ ဘယ်လောက်ချစ်စရာကောင်းလိုက်လည်း။ "

Forever[Completed]Where stories live. Discover now