"Taehyunကအကို့ရဲ့သားမှန်တယ်။ "
"ဗျာ...."
"ဘယ်လို...သားကတကယ်ဘဲ...အကို့သားလား။ "
"ဟုတ်တယ် အကို။
ဒီမှာ ဒါကိုကြည့်ကြည့်လိုက်။ "-Hyoin လက်ထဲကစာရွက်ကိုယူကာကြည့်လိုက်တော့ သားအဖတော်စပ်မှုက 99.999% ဟုပြထားသည်။ -
"မဖြစ်နိုင်တာတွေ....
ဖေဖေက... ဖေဖေ....""Taehyun na!
သားက ဖေဖေ့သားဖြစ်လာခဲ့ပြီ။
သားကဖေဖေ့ရဲ့ပျောက်နေတဲ့သားတဲ့။
ဝမ်းသာလိုက်တာ သားရယ်။ သားကိုပြန်တွေ့ချင်နေတာ...။ ငါ့သားလေး... ""ဖေဖေ....တကယ်ဖေဖေလားဟင်။ "
"ဟုတ်တာပေါ့ သားရယ်။
သားရဲ့ဖေဖေအရင်း....""ဖေဖေ....
ကျွန်တော်က ဖေဖေသေသွားပြီလို့ ဖွားပြောပြထားတာလေ။ ဘယ်လိုလုပ်ပြီး အသက်ရှင်နေရတာလည်း။ သားနားမလည်နိုင်တော့ဘူး""သား...ဒီအကြောင်းတွေကို ဖေဖေသွားရင်းနဲ့ကားပေါ်မှာပြောပြမယ်။ အခုတော့ ဖေဖေတို့အိမ်ကိုသွားကြတာပေါ့။ "
"ဟင့်အင်း ဖေဖေ။
သားတို့ကျောင်းပြန်သွားရမယ်။ သားရဲ့အိတ်တွေ..."Yeonjun ယူလာပါလိမ့်မယ် သားရယ်။
အန်တီဖုန်းဆက်ထားလိုက်မယ်။ ""ကျေးဇူးပါ "
-သူဖေဖေတဲ့လား၊ သူမယုံနိုင်သေးပါ။
သူ့မှာ ဖေဖေရှိလာပြီပေါ့....သူများတွေလို လာကြိုမဲ့ဖေဖေ မုန့်ဝယ်ကျွေးမဲ့ဖေဖေ လူစွမ်းကောင်းကရှိလာပြီပေါ့...။ --စဥ်းစားမိတော့မျက်ရည်ဝဲရသည်။ တစ်လမ်းလုံးလည်း ဖေဖေပြောသမျှတအံ့တသြနားထောင်ခဲ့ကာ အခုဆို ဖေဖေအိမ်ကိုရောက်လာခဲ့သည်။ -
-ဝါးး....ဖေဖေ့အိမ်က အကြီးကြီးဘဲ....-
"သား...ဝင်လာခဲ့လေ"
"ဟုတ်..."
-အိမ်ရှေ့ကို ထွက်လာတဲ့ ဦးလေးကြီးတစ်ယောက်။
Yeonjun hyung ommaကတော့ ထိုဦးလေးကြီးကိုခေါ်တာ Oppaတဲ့။ ဒါဆို ဒါက Namjoon Samcheon နဲ့တော်သလို yeonjun hyungရဲ့ဦးလေးဘဲပေါ့...။ -
YOU ARE READING
Forever[Completed]
Fanfiction// အမြဲတမ်း တစ်ဘဝလုံးစာအတွက် ချစ်တယ်။// -Gyu //တောင်းပန်ပါတယ်။ တစ်ဘဝလုံးစာအတွက် တကယ်မချစ်ပေးနိုင်ရင် ကျွန်တော့်ဘဝထဲဝင်မလာသင့်ဘူး။ // -hyun //ချစ်လားလို့ မေးချင်ပေမဲ့ မချစ်မှန်းသိလို့မမေးမိတော့ဘူး။// -Yeon //ချစ်ပါတယ်ဆိုတာကို ပြောပြဖို့ခက်နေတဲ့ကျွန်...