- ဒီနေ့မနက်ကတော့ yeonjunရော၊ hyunjinရော၊ beomgyuရော ကျောင်းမသွားကြ။ hyunjinကတော့ သူ့သူငယ်ချင်းနှစ်ယောက်မလာတာကြောင့် သွားမနေတော့ဘဲ felixရှိသောအိမ်မှာဘဲ အေးဆေးနေလေသည်။ နေ့ခင်းကျမှ felixကိုသွားကြိုမည်မလား။ felixကတော့ yeonjunတို့အစားသူကတော့ စာတွေအကုန်ကူးထားရမှာမလို့ ကျောင်းသွားလေသည်။ yeonjunနှင့်beomgyuကတော့ ဒီနေ့သူတို့ မိဘတွေ koreaကိုပြန်လာမှာမလို့ စောစောစီးစီးပြင်ကာ ဧည့်ခန်းထဲတွင်ထိုင်စောင့်နေကြသည်။ beomgyu ommaက yeonjunအိမ်လိုက်လာမှာမလို့ beomgyuကပါ yeonjunအိမ်ကိုရောက်နေသည်။ -
-ကားသံကြားလိုက်ရသောအခါ yeonjun appaနဲ့ beomgyu ommaပြန်လာပြီဆိုတာသိလိုက်ရသည်။ -
"Appa!!!"
-ပြေးသွားပြီး လက်ဆန့်ထားသော သူ့အဖေဆီသို့ yeonjun ဒိုင်ပင်ပစ်ဝင်လိုက်သည်။ -
"Beomgyu ya!!
သားလေး....""Omma"
- တည်ငြိမ်တဲ့beomgyuဆိုတဲ့အတိုင်း 4နှစ်လောက်မတွေ့ရသော ommaကိုမြင်တာလည်း အေးအေးဆေးဆေးပင်။ သာမာန်အပြုံးလောက်ပဲဆင်မြန်းထားသည်။ အဲ့ဒီထက်ပိုပြုံးပြစရာအကြောင်းမရှိတော့လို့နေမှာပေါ့။
(ဂန်ထယ်ဆိုရင်တော့ ဖြီးနေအောင်ပြုံးပြတာလေ။)"ဝမ်းမသာဘူးလား ။
Ommaကတော့ မတွေ့တာကြာတဲ့သားလေးကိုမြင်ရလို့ သေလုမတတ်ပျော်နေတာကို...."Beomgyu POV:
- အခုမှ သေလုမတတ်ပျော်နေလည်း ဘာလုပ်ရမှာလည်း။ ကျွန်တော်နဲ့အဖေ သေမတတ်ခံစားခဲ့ရတုန်းက ommaလှည့်ကြည့်ခဲ့လို့လား။ သေသွားတဲ့အဖေ့ကိုတွေ့မိတိုင်း ခင်ဗျားကို အရမ်းမုန်းတယ်...ကျွန်တော့အမေအရင်း ဖြစ်နေတယ်ဆိုရင်တောင်ပေါ့.....-
"ပျော်ပါတယ်..."
-စိတ်ထဲကနေ ထိုစကားများကိုဆိုနေလိုက်သော်လည်း တကယ်တမ်းပျော်မိတာက ပျော်ပါတယ်ဆိုတဲ့ အလိမ်အညာစကားပင်။ -
"သမီးလေးRubyကတောင် သားကို သတိရနေတာ။
လေယာဥ်ကွင်းဆင်းဆင်းချင်း သူ့မိဘတွေဆီအရင်သွားပြီး နှုတ်ဆက်ပြီးမှ သားဆီလာပါ့မယ်တဲ့လေ။ "
YOU ARE READING
Forever[Completed]
Fanfiction// အမြဲတမ်း တစ်ဘဝလုံးစာအတွက် ချစ်တယ်။// -Gyu //တောင်းပန်ပါတယ်။ တစ်ဘဝလုံးစာအတွက် တကယ်မချစ်ပေးနိုင်ရင် ကျွန်တော့်ဘဝထဲဝင်မလာသင့်ဘူး။ // -hyun //ချစ်လားလို့ မေးချင်ပေမဲ့ မချစ်မှန်းသိလို့မမေးမိတော့ဘူး။// -Yeon //ချစ်ပါတယ်ဆိုတာကို ပြောပြဖို့ခက်နေတဲ့ကျွန်...