"ကဲ...ကဲ။
ပြဿနာတွေလည်းထပ်ဖြစ်စရာမရှိတော့ဘူး။
စီနီယာတို့နဲ့လည်း ထပ်တွေ့စရာမလိုတော့ဘူး။ ""ပျော်နေတာလား "
"ပျော်တာပေါ့...
ခင်ဗျားမျက်နှာကြီးထပ်မမြင်ရတော့ဘူးလေ။ ""မင်းကွာ...."
"အမယ်လေး...အပိုတွေပါ ချွဲဆူဘင်းရယ်။
ဆေးရုံတက်နေတုန်းကကျ မအိပ်နိုင် မစားနိုင် သူဘဲ ဆေးရုံစောင့်ပေးနေပြီးတော့....""ဒါကငါ့ကြောင့်ဖြစ်သွားတာဆိုတော့ ငါက တာဝန်ကျေချင်ရုံပါ။ "
-ထိုင်နေကြ ကန်တင်းက သစ်ပင်ပုလေးဘေးတွင် စားသောက်ကာ yeonjun soobin boramတို့စကားပြောနေကြခြင်းပင်။ felixနဲ့ hyunjinကတော့ အတန်းသွားတက်သည်။ kaiကတော့ ကျောင်းမလာသေး။ ကျန်ကောင်လေးနှစ်ယောက်ကတော့ ဖုန်းကိုဘဲကြည့်ကာ ချစ်ကြည်နူးနေကြသည်။ အကြောင်းမှာ သူတို့တွဲနေသည်ဆိုတာကို တစ်ယောက်မှမသိကြ။ အပြင်မျာအတူရှိနေသော်လည်း စကားပြောရန်အဆင်မပြေသောကြောင့် msgရိုက်ပြီးသာ စကားပြောနေကြသည်။ အကဲလေးဂန်ထယ်ဟွန်းပေါသမျှ လူအေးကြီးချွဲဘောမ်ဂယူကတော့ ကမ္ဘာငယ် သဘောဆိုသည့်ပုံစံဖြင့် လိုက်သဘောကျပေးနေသည်။ -
"အမယ်...ဂန်ထယ်တို့ ဖုန်းကိုကြည့်ပြီး ပြုံးလို့ရွှင်လို့ပါလား။ ဘာလည်း...ရည်းစားထားနေပြီလား"
-ပေါင်မုန့်တစ်ကိုက်ကိုက်ရင်း မေးလာသော ဆူဘင်း။-
"မဟုတ်...ပါဘူး။ "
"မင်းပြုံးနေတာငါတွေ့တယ်နော်"
" ဒီအတိုင်း ရီစရာတွေ့လိုက်လို့ပါ"
"အော်....
Beomgyuနဲ့ပြောနေတာမဟုတ်ဘူးလား။ ""ငါ...ငါကဘယ်နေကနေ ပါလာတာလည်း။ "
"မသိဘူးလေ
မင်းကလည်း ဖုန်းကြည့်ပြီးဖြီးနေလို့...""ငါလည်း ရီစရာတွေ့လိုက်လို့ပါကွ။ "
"အေးပါ...မင်းတို့ခေတ်ဘဲ လူပ်ထားကြဦးပေါ့။
မိလို့ကတော့ ခံငြင်းရင် ငါလိုက်လုပ်မှာ"-beomgyuကတော့သဘောဆိုတဲ့ပုံစံနဲ့ အအေးဘူးဖွင့်ကာ သောက်နေလိုက်သည်။ -
YOU ARE READING
Forever[Completed]
Fanfiction// အမြဲတမ်း တစ်ဘဝလုံးစာအတွက် ချစ်တယ်။// -Gyu //တောင်းပန်ပါတယ်။ တစ်ဘဝလုံးစာအတွက် တကယ်မချစ်ပေးနိုင်ရင် ကျွန်တော့်ဘဝထဲဝင်မလာသင့်ဘူး။ // -hyun //ချစ်လားလို့ မေးချင်ပေမဲ့ မချစ်မှန်းသိလို့မမေးမိတော့ဘူး။// -Yeon //ချစ်ပါတယ်ဆိုတာကို ပြောပြဖို့ခက်နေတဲ့ကျွန်...