" ဒါကစာအုပ်ထဲမှာပြောထားတဲ့ဟာပဲ"
ဧကရာဇ်ကျင်းလိစိတ်ရှုပ်ထွေးသွားတယ်
" မယုံရင်ပြမယ်"ဧကရာဇ်ကျင်းလိလျောင်ချင်းချင်းကိုလွှတ်ပေးလိုက်တော့ သူမသလွန်ဆီသွားပြီး'လယ်သမားရဲ့ဇနီးငယ်လေး' စာအုပ်ကိုယူလာခဲ့သည်။ ပြီးတော့သူမစာရွက်အချို့ခပ်မြန်မြန်လှန်ပြီး ဧကရာဇ်ကျင်းလိကိုထောက်ပြလိုက်တယ်
" အရှင်မင်းကြီး ကြည့်"ဧကရာဇ်ကျင်းလိကြည့်လိုက်တဲ့အခါ အဖြူအမဲနဲ့ရေးထားတာကိုရှင်းရှင်းလင်းလင်းကြီးတွေ့လိုက်သည်
--ရုဟွာ အခုကစပြီး မင်းငါနဲ့ဒီလိုနီးနီးကပ်ကပ်နေရမယ် ကြားလား?
ဧကရာဇ်ရဲ့နှုတ်ခမ်းထောင့်တွေတွန့်သွားတယ်
" အဓိပ္ပါယ်မရှိလိုက်တာ!"ဧကရာဇ်ကျင်းလိလျောင်ချင်းချင်းဆီကစာအုပ်ကိုဆွဲယူပြီးသလွန်ပေါ်ကိုအသံမြည်အောင်ပစ်လွှင့်လိုက်တယ်။ သူကဒီစကားလုံးတွေကိုအတည်အတံ့ပြောတာဖြစ်ပေမဲ့ စာအုပ်ကတော့ရယ်စရာဆန်ဆန်သရုပ်ဖော်ထားတယ်။ဒါကသူ့ကိုအလွန်ဒေါသထွက်စေတယ်။ သူ့မျက်နှာချက်ချင်းမဲမှောင်သွားတော့ အခန်းထဲမှာခစားနေတဲ့သူအကုန်လုံးကြောက်ရွံ့မှုနဲ့အမြန်ဒူးထောက်ချလိုက်ရသည်။
ဧကရာဇ်ဒေါသထွက်သွားတာကိုလျောင်ချင်းချင်းသတိပြုမိသွားကာ သူမအလျင်စလိုဦးညွှတ်လိုက်သည်။
" အရှင်မင်းကြီး စိတ်လျော့တော်မူပါ"ဧကရာဇ်ကျင်းလိကစိတ်ဆတ်တယ်ဆိုပေမဲ့ကိုယ့်ကိုကိုယ်မထိန်းနိုင်တဲ့အုပ်ချုပ်သူတစ်ယောက်မဟုတ်ပဲ လက်လွတ်စပယ်အပြစ်ပေးမှာမဟုတ်ဘူးလို့သူမစိတ်ထဲတွေးနေမိသည်။ အခုဧကရာဇ်ကြီးဒေါသတွေမတရားထွက်သွားပြီဆိုတော့ ချက်ချင်းထရပ်အင်္ကျီလက်တွေကိုခါယမ်းထွက်သွားပြီးအခြားကိုယ်လုပ်တော်တွေဆီပဲသွားလိမ့်မယ် ဒါမှအခြားတော်ဝင်ကိုယ်လုပ်တော်တွေကသူမကိုသတိမထားကြတော့မှာ ပြီးရင်သူမငါးဆားနယ်တစ်ကောင်ပြန်လုပ်လို့ရပြီ
ဒါပေမဲ့ သူမတစ်ဝက်ပဲမှန်ပါတယ် ဧကရာဇ်ကျင်းလိအမှန်အကန်ဒေါသထွက်သွားတာဆိုပေမဲ့ သူမထွက်သွားပါဘူး သက်သောင့်သက်သာထိုက်လိုက်ပြီးမိန့်ကြားလိုက်တယ်
" စားတော်ပွဲတည်ခင်းတော့"
YOU ARE READING
အရှင်မင်းကြီးနေမကောင်းဘူး [ Completed]
Historical FictionDescription လျောင်ချင်းချင်းနိုးလာတဲ့အခါနှစ်သက်ခြင်းမခံရတဲ့ဇနီးငယ်လေးအဖြစ်ကူးပြောင်းသွားတယ်။ အင်ပါယာနန်းတော်ထဲဝင်ပြီးနောက် မနှစ်သက်ခံရတဲ့လျန်ရိတစ်ယောက်ဖြစ်လာသည်။ ' ငြိမ်ငြိမ်နေပြီးဘာမှမလုပ်ဘူး'ဆိုတဲ့ဆောင်ပုဒ်နဲ့အတူသူမဘဝကိုသက်တမ်းစေ့နေထိုင်ချင်သည်။...