Chapter 65

7.9K 788 10
                                    


မဖွယ်မရာပဲ!

ဒင်းမဖွယ်မရာထပ်လုပ်ပြန်ပြီ!

လျောင်ချင်းချင်းဟာထိုကဲ့သို့ တွေးနေခဲ့သော်ငြား ဧကရာဇ်ကျင်းလိမျက်နှာဆီတိုးသွားကာ သူ့နှုတ်ခမ်းကိုဖွဖွရွရွလေးထိလိုက်သည်။ သူမပြန်မဆုတ်နိုင်ခင်မှာ ဧကရာဇ်ကျင်းလိကဦးဆောင်ရှေ့ဆက်လိုက်သည်။ အလွန်လျင်မြန်စွာဖြင့် နှစ်ယောက်သားဟာရစ်ပတ်ယှက်နွယ်သွားကြသည်။ ခဏကြာအောင်နမ်းရှိုက်ပြီးတဲ့နောက်မှ နှစ်ယောက်သားခွာလိုက်ကြတယ်။

လျောင်ချင်းချင်းရဲ့ ရွှန်းစိုနေတဲ့မျက်ဝန်းတွေကဧကရာဇ်ကျင်းလိကို ငေးစိုက်ကြည့်နေခဲ့သည်။ ဧကရာဇ်ကျင်းလိရဲ့မျက်ဝန်းတွေထဲမှာ ရမ္မက်တွေပြည့်နှက်နေပြီး တည်ငြိမ်သွားအောင်အတော်အချိန်ယူလိုက်ရတယ်။ သူ့ရဲ့ကြည့်ကောင်းတဲ့မျက်နှာပေါ်မှာ အပြုံးတစ်ခုပေါ်လာပြီး လျောင်ချင်းချင်းရဲ့ဖြူဖွေးနုနယ်တဲ့မျက်နှာလေးကို နောက်တစ်ကြိမ်ထပ်နမ်းဖို့ပြင်လိုက်ချိန်မှာပဲ လျောင်ချင်းချင်းက သူမလက်တွေနဲ့သူ့ကိုတားဆီးလိုက်တယ်။

" အရှင်မင်းကြီး ဒါကမမှန်ဘူးနော်"

" ဒါကဘာဖြစ်နေလို့လဲ?"
ဧကရာဇ်ကျင်းလိ အလေးအနက်မေးလိုက်သည်။

"အရှင်မင်းကြီးကလျှောက်တင်လွှာတွေသုံးသပ်နေတုန်းပဲလေ"

" ကျန်းကအခုလုပ်မနေဘူးလေ"

" ပြောပါ မင်းကကျန်းရဲ့ဧကရီဖြစ်ဖို့ဆန္ဒရှိရဲ့လား?"

" ကျွန်မဆန္ဒရှိပါတယ်"

" တကယ်ပြောနေတာလား?"
ဧကရာဇ်ကျင်းလိ အံ့အားသင့်သွားပြီးမေးလိုက်သည်။

လျောင်ချင်းချင်း မနေ့ကအတော်လေးတွေးခဲ့သည်။ တကယ်တမ်း ဧကရာဇ်ဟာမူလကိုယ်ရဲ့ဘဝကိုနှောက်ယှက်ခဲ့တာမဟုတ်ပေမဲ့ သူမကူးပြောင်းလာခဲ့တာနဲ့ ကမ္ဘာကြီးကပြောင်းလဲသွားခဲ့တယ်။ တော်ဝင်မောင်းမဆောင်ထဲကအမှားနဲ့အမှန်တွေကို သူမမရှောင်နိုင်မှတော့ တော်ဝင်မောင်းမဆောင်ရဲ့ခေါင်းဆောင်ဖြစ်လာပြီး ထိုအမှားနဲ့အမှန်ကိုဘာကြောင့်ရင်မဆိုင်နိုင်ရမှာလဲ? ထို့ကြောင့် သူမကဧကရာဇ်ကျင်းလိဘေးမှာရပ်တည်ပြီး ဒီကမ္ဘာကြီးကိုလှိုက်လှိုက်လှဲလှဲဆက်ဆံဖို့ သဘောတူခဲ့သည်။ သူမကခေါင်းညိတ်သဘောတူလိုက်သည်။

အရှင်မင်းကြီးနေမကောင်းဘူး [ Completed]Where stories live. Discover now