အတင်း...အတင်းအကြပ်...အရှင်မင်းကြီးအပေါ်ကိုငါ့ဘာသာငါတက်တာလား?မဖြစ်နိုင်တာကြီး ဟုတ်တယ်မလား?
လျောင်ချင်းချင်းဧကရာဇ်ကျင်းလိကို အံ့အားသင့်နေတဲ့အမူအရာနဲ့ကြည့်လိုက်ကာ မယုံသင်္ကာလေသံနဲ့အထစ်ထစ်အငေါ့ငေါ့မေးလိုက်သည်။
" အရှင်...အရှင်မင်းကြီး..ကနောက်နေပြန်ပါပြီ"
" ကျန်း နောက်နေတာမဟုတ်ဘူး" ဧကရာဇ်ကျင်းလိအလေးအနက်ပြန်ဖြေလိုက်သည်။
လျောင်ချင်းချင်းကြက်သေသေသွားတော့သည်။ ဧကရာဇ်ကျင်းလိလျောင်ချင်းချင်းကိုလှည့်ကြည့်ကာ ဆက်ပြောလိုက်သည်။
" ကံကောင်းစွာနဲ့ မင်းရည်ရွယ်ချက်မအောင်မြင်အောင် ကျန်းကြိုးစားရုန်းကန်ခဲ့လို့ပေါ့ မဟုတ်လို့ကတော့....."
???
ဘာလို့သူမကဆိုးသွမ်းတဲ့အာဏာရှင်ဘော့စ်ကြီးအဖြစ်ဖော်ပြခံနေရတယ်လို့ ခံစားနေရတာပါလိမ့်?
ဧကရာဇ်ကျင်းလိ လျောင်ချင်းချင်းရဲ့မျက်နှာထားကိုအဖတ်လုပ်မနေပဲထရပ်လိုက်ပြီး ပြောသည်။
" လာကြစမ်း"
ဟယ်ရှန်းအခန်းထဲခပ်သုတ်သုတ်ဝင်လာသည်။
" အရှင်မင်းကြီးနဲ့သခင်မကိုနှုတ်ခွန်းဆက်သပါတယ်"" ကျန်းကိုပြင်ဆင်ဖို့ကူညီပေး"
ဧကရာဇ်ကျင်းလိအမိန့်ပေးလိုက်သည်။
"ဟုတ်ကဲ့"
ဟယ်ရှန်းသွက်သွက်လေးအရှေ့တိုးပြီး ဧကရာဇ်ကျင်းလိကိုအဝတ်အစားဝတ်ဖို့ကူညီလိုက်သည်။ လျောင်ချင်းချင်းမှာ ဟယ်ရှန်းသူမကိုမခေါ်လိုက်ခင်အထိအိပ်ရာပေါ်မှာကယောင်ချောက်ချားနဲ့ထိုင်နေသည်။
" သခင်မ"
လျောင်ချင်းချင်းအသိပြန်ကပ်သွားတော့တယ်။ ဟယ်ရှန်းအံ့အားသင့်စွာမေးလိုက်သည်။
" သခင်မ ဘာဖြစ်နေတာလဲဟင်?"
" ဘာမှမဖြစ်ဘူး" လျောင်ချင်းချင်းဝေ့ဝဲကြည့်လိုက်ကာမေးသည်။
" အရှင်မင်းကြီးရော?"
" အရှင်မင်းကြီးက ကိုယ်လက်သန့်စင်ဖို့အပြင်အခန်းကိုသွားပါတယ်"
YOU ARE READING
အရှင်မင်းကြီးနေမကောင်းဘူး [ Completed]
Historical FictionDescription လျောင်ချင်းချင်းနိုးလာတဲ့အခါနှစ်သက်ခြင်းမခံရတဲ့ဇနီးငယ်လေးအဖြစ်ကူးပြောင်းသွားတယ်။ အင်ပါယာနန်းတော်ထဲဝင်ပြီးနောက် မနှစ်သက်ခံရတဲ့လျန်ရိတစ်ယောက်ဖြစ်လာသည်။ ' ငြိမ်ငြိမ်နေပြီးဘာမှမလုပ်ဘူး'ဆိုတဲ့ဆောင်ပုဒ်နဲ့အတူသူမဘဝကိုသက်တမ်းစေ့နေထိုင်ချင်သည်။...