Chapter 47

7.3K 774 2
                                    


ဒီအကြောင်းကိုဧကရီမယ်တော်ကြီးကြားလိုက်ပြီးတဲ့နောက်မှာ အာလူးကိုအထူးတလည်လာရောက်ကြည့်ရှုခဲ့သည်။ သို့သော် လျန်ကွေ့ဖေးနဲ့တခြားသူတွေမှာတော့ အာလူးဆိုတာဘယ်လိုကစားစရာမှန်းမသိကြပေ။ ဒါပေမဲ့ ဒါကလျောင်ချင်းချင်းကိုအမွှမ်းတင်ဖို့ ဧကရာဇ်ကျင်းလိရဲ့နည်းပရိယာယ်ဖြစ်တယ်လို့ သူတို့ခိုင်ခိုင်မာမာယုံကြည်ထားကြသည်။ သူကလျောင်ချင်းချင်းကိုဧကရီရဲ့ပလ္လင်တော်ဆီကိုဖြေးဖြေးမှန်မှန်ပို့ဆောင်ပေးနေပြီး လျောင်ချင်းချင်းကလူတိုင်းကိုအနိုင်ယူဖို့မျှော်လင့်နေသည်လေ။

အာလူးတဲ့လား?

ဟက်!

အကြောင်းပြချက်တွေပဲ!

လျန်ကွေ့ဖေးနဲ့တခြားသူတွေမှာ သူတို့နှလုံးသားတွေထဲ အထူးတလည်မကျေမနပ်ဖြစ်လာကြကာ တဖြေးဖြေးနဲ့ လျောင်ချင်းချင်းအပေါ်မနှစ်သက်မှုကိုနည်းနည်းငယ်မှဖုံးဖိထားလို့မရတော့ဘူး။

လျောင်ချင်းချင်းလဲ ဒါကိုခံစားမိပါသည်။ ဒါပေမဲ့ သူမမှာမောင်းမဆောင်ထဲကကိုယ်လုပ်တော်တွေနဲ့အဆက်အဆံကနည်းပါးတယ်လေ။ သူမကူးပြောင်းလာခါစက သူမကလျန်ယိငယ်လေးတစ်ယောက်ပဲ။ တော်ဝင်ကိုယ်လုပ်တော်တွေက သူမရဲ့နိမ့်ကျတဲ့မွေးဖွားမှုကိုအထင်မြင်သေးကြပြီး သူမနဲ့ရောရောနှောနှောမရှိခဲ့ကြဘူး။ အဲ့ဒီနောက် သူမအဆင့်စတတ်လာခဲ့တယ်။ တော်ဝင်ကိုယ်လုပ်တော်တွေက သူမမျက်နှာ‌သာဆုံးရှုံးဖို့စောင့်နေကြပြီး သူမကိုလစ်လျူရှုထားခဲ့ကြသည်။

နောက်ဆုံးမှာ သူမရှီးရှို့ရုန်၊ရှီးကျောက်ရုန်အဖြစ်တိုးမြှင့်ခံခဲ့ရတယ်။ တော်ဝင်ကိုယ်လုပ်တော်တွေမှာ အခြေအနေကအတော်လေးမူမမှန်မှန်းရှာဖွေတွေ့ရှိသွားပြီး သူမနဲ့ရင်းနှီးချင်လာခဲ့ကြတယ်။ ဧကရီမယ်တော်ကြီးပြန်လာပြီးတဲ့နောက်မှာ ရှို့ရှီနန်းဆောင်မှာအလုပ်ကြမ်းလုပ်ဖို့မကြာမကြာခေါ်တာက တော်ဝင်ကိုယ်လုပ်တော်တွေကိုသူမနဲ့ထိတွေ့ဆက်ဆံလို့မရဖြစ်သွားစေတယ်။

မသိလိုက်မသိဘာသာနဲ့ သူတို့တွေကြားကဆက်ဆံရေးတင်းမာမှုတွေကိုသူမရှောင်ရှားခဲ့သည်။ လတ်တလော သူမမှာဧကရာဇ်ကျင်းလိရဲ့အမိန့်တော်ရှိပြီး အာလူးတွေအပေါ်အရမ်းအာရုံစိုက်ထားလို့ တော်ဝင်ကိုယ်လုပ်တော်တွေရဲ့အတွေးတွေကို အများကြီးအာရုံစိုက်မနေပေ။ ထို့ကြောင့် သူမကအလွန်ကောင်းမွန်တဲ့ဘဝမှာနေထိုင်နေခဲ့သည်။ အဲ့ဒီနောက် သူမရဲ့မိခင်ကျီရှီဆီကနေစာတစ်စောင်လက်ခံရရှိလိုက်သည်။

အရှင်မင်းကြီးနေမကောင်းဘူး [ Completed]Donde viven las historias. Descúbrelo ahora