သူမနာမည်အဖျားဆွတ်ကချင်းချင်းဆိုတာဒီလူသိတယ်ပေါ့လေ?
သူအာရုံစိုက်ထားတာပဲ
တကယ့်ကိုအာရုံစိုက်ထားတာ
သူမအရှေ့ကလူကသာမိန်းမတွေနဲ့ပတ်သတ်ပြီးအတွေ့အကြုံအများကြီးရှိနေတဲ့ကြီးမြတ်သောဝေ့မင်းဆက်ရဲ့ဘုရင်ဆိုတဲ့အချက်ကြောင့်သာမဟုတ်ရင် သူကသူမကိုကြိုက်နေတယ်လို့တွေးမိသွားမှာ ကံကောင်းစွာနဲ့ဒီအတွေးရိုင်းတွေဆက်မတွေးမိအောင်ကိုယ့်ဘာသာသတိကပ်နေလို့သာပေါ့
သူမစိတ်ကိုတည်ငြိမ်စေပြီး လျောင်ချင်းချင်းသူ့ကိုလက်ဖက်ရည်ငှဲ့ပေးလိုက်ပြီး သူမခေါင်းလှည့်ကာဧကရာဇ်ကိုကြည့်ပြီးပြောလိုက်တယ်
" အရှင်မင်းကြီး လက်ဖက်ရည်သုံးဆောင်ပါ"ဧကရာဇ်ကျင်းလိမလှုပ်ရှားပဲသူမကိုအပြုံးတစ်ပွင့်နဲ့ကြည့်နေတယ် သူ့အပြုံးရဲ့အဓိပ္ပါယ်ကိုလျောင်ချင်းချင်းနားမလည်ဘူး။ ဒါပေမဲ့ပြီးခဲ့တဲ့ရက်တွေကသူမရဲ့လေ့လာမှတ်သားမှုကြောင့် ဧကရာဇ်ရဲ့အကျင့်ကိုသူမသိနေပြီဖြစ်တယ် ထို့ကြောင့်သူမမေးလိုက်သည်။
" အရှင်မင်းကြီး နောက်ကျနေပါပြီ ဘာလို့ကျွန်မတို့နေ့လည်စာမသုံးဆောင်ကြရမှာလဲ?"
သူမကသူဗိုက်ဆာနေမှာကြောက်တာလား?
ဧကရာဇ်ကျင်းလိသာသာလေးခေါင်းညိတ်လိုက်တယ်။ ချက်ချင်းပဲတစ်ယောက်ယောက်ကိုစားပွဲပြင်ဖို့လျောင်ချင်းချင်းအမိန့်ပေးလိုက်တယ် သူမဧကရာဇ်နဲ့အတူစားသောက်ပြီး အိပ်ခန်းထဲဝင်ပြီးနေ့လည်နေ့ခင်းတစ်ရေးတူတူအိပ်လိုက်တယ် အရာရာတိုင်းကပုံမှန်အတိုင်းလေးပဲဖြစ်သွားတယ်
ဧကရာဇ်ကျင်းလိသူ့သာသာတွေးလိုက်မိတယ် ရက်အနည်းငယ်ပဲရှိသေးတယ် လျောင်ရုံဟွားကသူ့ဘေးမှာအိပ်ရတာကို ကျင့်သားရနေပြီပဲ
အရမ်းကောင်းတယ်
အရမ်းကိုစဉ်းစားချင့်ချိန်တတ်တာပဲ
သူအရမ်းကျေနပ်သွားကာ သူ့ခေါင်းကိုတစ်ဖက်စောင်းပြီးလျောင်ချင်းချင်းကိုတစ်ခုခုချီးမွမ်းပြောဆိုမလို့ပါပဲ သူ့ခေါင်းကိုစောင်းငဲ့လိုက်တဲ့အခါမှာတော့ လျောင်ချင်းချင်းမှာအိပ်ပျော်နေပြီဖြစ်တာကိုတွေ့လိုက်ရတယ်
YOU ARE READING
အရှင်မင်းကြီးနေမကောင်းဘူး [ Completed]
Historical FictionDescription လျောင်ချင်းချင်းနိုးလာတဲ့အခါနှစ်သက်ခြင်းမခံရတဲ့ဇနီးငယ်လေးအဖြစ်ကူးပြောင်းသွားတယ်။ အင်ပါယာနန်းတော်ထဲဝင်ပြီးနောက် မနှစ်သက်ခံရတဲ့လျန်ရိတစ်ယောက်ဖြစ်လာသည်။ ' ငြိမ်ငြိမ်နေပြီးဘာမှမလုပ်ဘူး'ဆိုတဲ့ဆောင်ပုဒ်နဲ့အတူသူမဘဝကိုသက်တမ်းစေ့နေထိုင်ချင်သည်။...