" အဲ့ အဲ့ဒါအရှင်မင်းကြီးပါ"
" ဘယ်တုန်းက သူတို့အဆင့်ချခံလိုက်ရတာလဲ?"
လျောင်ချင်းချင်းဒီကိစ္စကိုမကြားမိပါဘူး အဲ့ဒီလျောင်နဲ့ကျန်းနှစ်ယောက်က အခုတလောအတော်လိမ္မာနေကြတာပဲမဟုတ်ဘူးလား?
ဟယ်ရှန်းပြန်ဖြေလိုက်သည်။ " မနေ့ညကပါ"
" ဘာကြောင့်လဲ?" လျောင်ချင်းချင်းဇဝေဇဝါနဲ့မေးလိုက်တယ်
" သူတို့ဘာအမှားလုပ်မလို့လဲ?"" ဒီအစေခံကြားတာတော့ သူတို့ကအရှင်မင်းကြီးရှေ့မှာ ထပ်ပြီးမယဉ်မကျေးပြုမူလို့တဲ့"
" အရှင်မင်းကြီးရှေ့မှာ ထပ်ပြီးယဉ်ကျေးမှုမရှိပြုမူပြန်ပြီလား?"
လျောင်ရှုကျီနဲ့ကျန်းဖန်းယီက စည်းကျော်မိသွားတာကြောင့် အပြစ်ပေးခံခဲ့ရတာပဲနှစ်ကြိမ်တောင်ရှိနေပြီးဟာကို
ဘာကြောင့်များသူတို့တွေ ဧကရာဇ်ရှေ့မှာမယဉ်မကျေးထပ်ပြုမူရတာလဲဟယ်?
သူတို့သင်ခန်းစာမရကြဘူးလား?
ဟယ်ရှန်းခေါင်းညိတ်လိုက်ကာ " သူတို့နှစ်ယောက် အရှင်မင်းကြီးရှေ့မှာ မလေးမစားလုပ်တာကြောင့်တဲ့ အဲ့ဒါကြောင့် အရှင်မင်းကြီးကသူတို့နှစ်ယောက်လုံးအဆင့်ကို ကွေ့ရန်အဖြစ်အဆင့်ချလိုက်တာတဲ့"
" ကွေ့ရန်အဖြစ်အဆင့်ချခံလိုက်ရတယ်လား? အဲ့အထိကြီးအဆင့်ချလိုက်တာပေါ့လေ?"
ဟယ်ရှန်းခေါင်းညိတ်လိုက်တယ် လျောင်ချင်းချင်း အနည်းငယ်စိုးရိမ်ပူပန်စွာမေးလိုက်တယ်
" အကြောင်းအတိအကျကဘာများလဲ?"အဲ့ဒီတော့မှ ဟယ်ရှန်းက " မနေ့ညကအရှင်မင်းကြီး လီရှန်းအဆောင်ကထွက်သွားပြီးတော့ တော်ဝင်စာကြည့်ဆောင်ကိုပြန်မသွားခဲ့ဘူးလို့ ဒီအစေခံကြားခဲ့တယ် မသိရတဲ့အကြောင်းတစ်ချို့ကြောင့် အရှင်မင်းကြီးကလျောင်ရှုကျီဆီတန်းသွားခဲ့တယ်တဲ့ လျောင်ရှုကျီအဆောင်မှာ ကျန်းဖန်းယီပါရှိနေမယ်လို့ ဘယ်သူကကြိုသိမှာလဲ သခင်မ သူတို့ဘာလုပ်နေလဲဆိုတာမှန်းကြည့်ကြည့်?"
လျောင်ချင်းချင်းသိချင်စိတ်ပြင်းပြကာ " သူတို့ဘာလုပ်နေကြတာလဲ?"
ČTEŠ
အရှင်မင်းကြီးနေမကောင်းဘူး [ Completed]
Historická literaturaDescription လျောင်ချင်းချင်းနိုးလာတဲ့အခါနှစ်သက်ခြင်းမခံရတဲ့ဇနီးငယ်လေးအဖြစ်ကူးပြောင်းသွားတယ်။ အင်ပါယာနန်းတော်ထဲဝင်ပြီးနောက် မနှစ်သက်ခံရတဲ့လျန်ရိတစ်ယောက်ဖြစ်လာသည်။ ' ငြိမ်ငြိမ်နေပြီးဘာမှမလုပ်ဘူး'ဆိုတဲ့ဆောင်ပုဒ်နဲ့အတူသူမဘဝကိုသက်တမ်းစေ့နေထိုင်ချင်သည်။...