လျောင်ချင်းချင်း ခေါင်းအနည်းငယ်ငုံ့ထားမိသည်။ ဧကရာဇ်ကျင်းလိနဲ့ဧကရီမယ်တော်ကြီးတို့ပြောသွားတဲ့စကားတိုင်းကို သူမကြားပါသည်။ သူမအဖေကအကျင့်ပျက်ခြစားလာဘ်ယူပြီး အင်အားစုတွေမှာဆက်နွယ်လို့ အချုပ်ကျခံနေရသည်။ ဒါနဲ့ပတ်သတ်ပြီး သူမလုပ်ပေးနိုင်တာတစ်ခုမှရှိမနေဘူး။
သူမပင်လျှင် သူမအဖေရဲ့သက်ရောက်မှုကြောင့်ဒုက္ခရောက်ပြီး တော်ဝင်မောင်းမဆောင်ထဲမှာသူမရဲ့ကျဆုံးခြင်းနဲ့တွေ့ဆုံရမှာတောင်ဖြစ်နိုင်သည်။ ဘာကြောင့်လဲဆိုတော့ ဘယ်ဧကရာဇ်ကမှ သူ့ရဲ့ကိုယ်လုပ်တော်တွေကို ရည်မှန်းချက်ကြီးမားဖို့ ခွင့်မပြုနိုင်လို့ပင်။ ဧကရာဇ်ကျင်းလိဟာလဲခြွင်းချက်မရှိပေ။
ဒီအခိုက်မှာ ဒုတိယသခင်ကြီးလျောင်ဟာအကျင့်ပျက်ခြစားလာဘ်ယူပြီး အင်အားစုတစ်ခုနဲ့ဆက်နွယ်နေတာမဟုတ်ဘူးလို့ သူမပိုပြီးတောင်ဆုံးဖြတ်လိုက်မိသည်။ ဒါတွေအားလုံးက သူမကိုပစ်မှတ်ထားနေတာပင်။ တဖက်လူကဧကရာဇ်ကျင်းလိရဲ့ကံဆိုးမိုးမှောင်ကျခြင်းအကြေးခွံကိုတမင်တကာတုတ်နဲ့သွားထိုးလိုက်တာပင်ဖြစ်သည်။
ဧကရာဇ်ကျင်းလိဟာအလွန်အေးစက်ပြီး အကြင်နာကင်းမဲ့တဲ့လူဆိုတာကို ထိုလူသိထားသင့်ပေသည်။ တိုင်းပြည်ကြီးဟာထိပ်ဆုံးကနေအောက်ခြေအထိ တိုက်ခိုက်နေကြချိန်မှာ သူဟာဧကရီမယ်တော်ကြီးရဲ့မိသားစုကိုဆန့်ကျင်ရန်အခွင့်ကောင်းယူဖို့မနှောင့်နှေးခဲ့ပဲ သူနဲ့ဧကရီမယ်တော်ကြီးကြားဆက်ဆံရေးကိုသုံးနှစ်တာပျက်စီးသွားစေခဲ့တယ်။
အဲ့ဒါဆို ဧကရာဇ်ကျင်းလိကသူမကို......
ဒါကိုတစ်စုံတစ်ယောက်ကရည်ရွယ်ချက်ရှိရှိနဲ့ဖြန့်ခဲ့တာလို့ ဧကရာဇ်ကျင်းလိပြောလာလိမ့်မယ်လို့ သူမမမျှော်လင့်ခဲ့ဘူး။ အဲ့ဒီအပြင် အမြဲတမ်းခပ်တန်းတန်းနဲ့အေးစက်စက်နေခဲ့တဲ့ဧကရီမယ်တော်ကြီးကတောင်မှ အဲ့ဒီရည်ရွယ်ချက်နဲ့လူကိုဖော်ထုတ်ဖို့ပြောလာခဲ့တယ်။
သူတို့က သူမနဲ့သူမမိဘတွေကိုယုံကြည်ပေးသည်။ သူမလည်ချောင်းထဲဆို့နင့်လာတယ်။ သူမရဲ့အရင်ဘဝမှာ သူမမိဘတွေကစောစောစီးစီးထွက်သွားခဲ့ကြပြီး နောက်တော့သူမအဖိုးနဲ့အဖွားကလိုက်သွားခဲ့ကြတယ်။ အခက်အခဲဒုက္ခတွေကြားမှာ သူမတစ်ယောက်ထဲကြီးပြင်းလာခဲ့ရပြီး ဘာတွေပဲဖြစ်လာဖြစ်လာ သူမဘာသာရင်ဆိုင်ရသည်။
YOU ARE READING
အရှင်မင်းကြီးနေမကောင်းဘူး [ Completed]
Historical FictionDescription လျောင်ချင်းချင်းနိုးလာတဲ့အခါနှစ်သက်ခြင်းမခံရတဲ့ဇနီးငယ်လေးအဖြစ်ကူးပြောင်းသွားတယ်။ အင်ပါယာနန်းတော်ထဲဝင်ပြီးနောက် မနှစ်သက်ခံရတဲ့လျန်ရိတစ်ယောက်ဖြစ်လာသည်။ ' ငြိမ်ငြိမ်နေပြီးဘာမှမလုပ်ဘူး'ဆိုတဲ့ဆောင်ပုဒ်နဲ့အတူသူမဘဝကိုသက်တမ်းစေ့နေထိုင်ချင်သည်။...