Chapter 27

8.2K 921 11
                                    


အရှင်မင်းကြီးတုန်လှုပ်သွားသင့်တာမဟုတ်ဘူးလား?

အရှင်မင်းကြီးစိတ်ဆိုးသင့်တာမဟုတ်ဘူးလား?

ဘာလို့အရှင်မင်းကြီးအသံကစိုးရိမ်ပြီးပူပန်နေတဲ့အသံဖြစ်နေရတာလဲ?

လျောင်ကွေ့ရန်နဲ့ကျန်းကွေ့ရန်မှာစိတ်ရှုပ်ထွေးနေကြတယ် နှစ်ယောက်သားမတတ်နိုင်စွာ‌‌အရှေ့ကို ခြေလှမ်းအနည်းငယ်တိုးလိုက်သည်။ သူတို့အကြည့်တွေကအစောင့်အကြပ်တွေကိုဖြတ်ကျော်သွားကာ ‌‌လျှိုထဲမှာရောက်နေတဲ့လျောင်ချင်းချင်းနဲ့ဧကရာဇ်ကျင်းလိဆီရောက်သွားတယ်

ဘာတွေဖြစ်ကုန်တာလဲ?

ဘယ်လိုလုပ်ပြီး လျောင်ချင်းချင်းကလျှိုထဲရောက်နေရတာလဲ?

အရှင်မင်းကြီးကရောဘာကြောင့်လျှိုထဲရောက်နေတာလဲ?

တပြိုင်တည်း သူ‌တို့တွေရှဲ့ယီကိုလှည့်ကြည့်လိုက်ကြသည်။ ရှဲ့ယီရဲ့မျက်နှာထားကတင်းမာနေတုန်းပဲ

ဒါပေမဲ့ ရှဲ့ယီရဲ့နေရာက.......ရှဲ့ယီရဲ့နေရာကတကယ့်ကို လျောင်ချင်းချင်းနဲ့အဝေးဆုံးမှာကြီး!

မဟုတ်သေးဘူးနော်!

မဟုတ်ဘူး! မဟုတ်ဘူး! မဟုတ်ဘူး!

လျောင်ချင်းချင်းကိုကျရှုံးစေဖို့အတွက် သူတို့တွေအကြာကြီးစီစဉ်ထားရတာ သူတို့မှာ သူတို့ကိုဝမ်ဆွေ့တောင်ကိုခေါ်လာပေးဖို့ကိုလဲ လျန်ကွေ့ဖေးကိုအထူးတောင်းပန်ခဲ့ရတာ ဒီအခွင့်အရေးကိုစောင့်ဖို့သက်သက်နဲ့!

လျောင်ချင်းချင်းက တောင်ကိုလှည့်ပတ်မကြည့်ချင်ပဲအနောက်ဥယျာဉ်မှာပဲနေခဲ့မယ်လို့ သူတို့သိသွားတော့ ချက်ချင်းပဲသူတို့အစီအစဉ်ကိုပြုပြင်လိုက်ကာ ‌ရှဲ့ယီကလျောင်ချင်းချင်းဆီဦးတည်နေတာကို သူတို့တွေရှင်းရှင်းလင်းလင်းကြီးမြင်ခဲ့လို့ ကိစ္စရဲ့တစ်ဝက်ကတော့အောင်မြင်ပြီလို့တွေးခဲ့ကြတာ

ဘာလို့ရှဲ့ယီကနောက်ဆုံးမှရောက်လာတဲ့ပုံပေါ်နေရတာလဲ? ရှဲ့ယီ‌နဲ့လျောင်ချင်းချင်း' သီးသန့်တွေ့ဆုံမှု' လုံးလုံးမရှိခဲ့တာဖြစ်နိုင်မလား? ဒါကဘယ်လိုဖြစ်နိုင်မှာလဲ? သူတို့ရဲ့အကြံအစည်က လျန်ကွေ့ဖေးဆီကခေါင်းညိတ်တာကိုလဲ ရထားပြီးသား တမင်ရည်ရွယ်ချက်ရှိရှိနဲ့ အနောက်ဥယျာဉ်တံခါးကိုတောင်ကလန့်သွားတာလေ သူတို့တွေကရှဲ့ယီနဲ့လျောင်ချင်ချင်းတို့ သူတို့နဲ့ထိုက်တန်တဲ့အပြစ်ဒဏ်ရပြီး ဘယ်တော့မှပြန်ထူနိုင်မဲ့အခွင့်အရေးတစ်ခုမှမရှိရအောင် အိမ်ထောင်ရေးဖောက်ပြန်တဲ့စုံတွဲကိုဖမ်းဖို့စောင့်နေကြတာလေ

အရှင်မင်းကြီးနေမကောင်းဘူး [ Completed]Où les histoires vivent. Découvrez maintenant