လူလိင်!
တကယ့်ကိုလူလိမ်ပဲ!
လျောင်ချင်းချင်းကြောင်အသွားရတယ်
ကမ္ဘာပေါ်မှာ ဧကရာဇ်ကျင်းလိလိုမျက်နှာပြောင်ပြီးအရှက်မရှိတဲ့သူလဲရှိသေးတာပဲ အံ့ဘ!" အရှင်မင်းကြီး ဒီကိုယ်လုပ်တော်အရှင့်ကိုဝင်မတိုက်ခဲ့ပါဘူးနော်"
" မတိုက်ခဲ့ဘူးပေါ့?" ဧကရာဇ်မေးတယ်
" မတိုက်ဘူး" လျောင်ချင်းချင်းပြန်ဖြေလိုက်သည်
" ဒါဆို ကျန်းကိုဘယ်သူတိုက်သွားတာပါလိမ့်?"
" ဒါတော့ ဒီကိုယ်လုပ်တော်လဲမသိပါဘူး ဒီကိုယ်လုပ်တော်ကအရှင်မင်းကြီးအဝေး ခြေသုံးလှမ်းမကတဲ့နေရာမှာလေ ဘာပဲဖြစ်ဖြစ်ဒီကိုယ်လုပ်တော်တော့ အရှင်မင်းကြီးကိုဝင်တိုက်မိဖို့နေနေသာသာ ထိနိုင်မှာတောင်မဟုတ်ဘူး"
" သုံးလှမ်းမကဝေးတယ်ပေါ့လေ?"
ဧကရာဇ်ကျင်းလိကအကွာအဝေးကို သံသယဝင်သလိုမျိုး မယုံသင်္ကာကြည့်လာတယ်လျောင်ချင်းချင်း သူမခေါင်းကိုငုံ့ပြီးထောက်ခံလိုက်တယ်
" ဟုတ်တယ်"" မင်းဘာကြောင့် ကျန်းနဲ့အဝေးကြီးမှာနေတာလဲ?"
" ??? " ဒါကဘယ်လိုမေးခွန်းကြီးလဲ?
" ကျန်းကမင်းကိုကိုက်စားမှာဆိုးလို့လား?"
" ??? " အဆန်းတွေနော်
ထိုအချိန်မှာပဲ ဧကရာဇ်ကျင်းလိထပ်ပြောတယ်
" ဒီနားလာခဲ့"စိတ်ဆတ်လိုက်တဲ့ဧကရာဇ်ပဲ!
လျောင်ချင်းချင်းနှေးတိနှေးတုံ့နဲ့ဧကရာဇ်ကျင်းလိအနားကပ်သွားတော့ ဧကရာဇ်ကျင်းလိသူ့ညာလက်ကိုဆန့်လာတယ်
လျောင်ချင်းချင်း ဆန့်ထားတဲ့လက်ကိုကြည့်လိုက်ကာ တခဏအထင်လွဲသွားပြီးနောက်မှ သူမရဲ့အရင်အလေ့အထအတိုင်း ဧကရာဇ်ကျင်းလိရဲ့လက်ထဲသူမလက်လေးကို ဖြေးဖြေးချင်းထည့်လိုက်တော့ ဧကရာဇ်ကျင်းလိနှုတ်ခမ်းထောင့်လေးတွေမသိမသာလှုပ်ရှားသွားတယ်
ပြီးတော့ မျက်နှာတည်ကြီးနဲ့ဆက်နေနေတယ် လျောင်ချင်းချင်း ဧကရာဇ်ကျင်းလိကိုစိုက်ကြည့်ပစ်လိုက်တယ်
" ဘာလို့ကျန်းကိုကြည့်နေတာလဲ?" ဧကရာဇ်ကျင်းလိမေးတယ်
CZYTASZ
အရှင်မင်းကြီးနေမကောင်းဘူး [ Completed]
HistoryczneDescription လျောင်ချင်းချင်းနိုးလာတဲ့အခါနှစ်သက်ခြင်းမခံရတဲ့ဇနီးငယ်လေးအဖြစ်ကူးပြောင်းသွားတယ်။ အင်ပါယာနန်းတော်ထဲဝင်ပြီးနောက် မနှစ်သက်ခံရတဲ့လျန်ရိတစ်ယောက်ဖြစ်လာသည်။ ' ငြိမ်ငြိမ်နေပြီးဘာမှမလုပ်ဘူး'ဆိုတဲ့ဆောင်ပုဒ်နဲ့အတူသူမဘဝကိုသက်တမ်းစေ့နေထိုင်ချင်သည်။...