Chapter 46

7.9K 825 7
                                    


ဧကရာဇ်ကျင်းလိ စကားဆုံးသွားပြီးတဲ့နောက်မှာ တစ်ဖက်လှည့်ပြီးအိပ်ခန်းထဲ ကောက်ခါငင်ကာဝင်သွားတော့သည်။

???

လျောင်ချင်းချင်းကြောင်အသွားပြီး ဟယ်ရှန်းကိုလှည့်ကြည့်ကာမေးလိုက်တယ်။

"နင်အရှင်မင်းကြီးကိုဒေါသထွက်အောင်လုပ်လိုက်တာလား?"

ဟယ်ရှန်း အမြန်ခေါင်းခါပြလိုက်တယ်။
" ဒီအစေခံမလုပ်ပါဘူး"

" ဒါဆို အရှင်မင်းကြီးဘာဖြစ်သွားတာလဲ?"

" ဒီအစေခံမသိပါဘူး"

ဟယ်ရှန်း ခေါင်းခါလိုက်ပြီး ရဲတင်းစွာမေးလိုက်သည်။
" သခင်မအရှင်မင်းကြီးကိုသွားဆွမိတာကောမဖြစ်နိုင်ဘူးလား?"

" ??? မဖြစ်နိုင်တာ!"

ဟယ်ရှန်း ခေါင်းမြန်မြန်ငုံ့ချလိုက်ကာ တိတ်ဆိတ်သွားသည်။ လျောင်ချင်းချင်း ဒေါသထွက်သွားဖို့မရည်ရွယ်‌ပါဘူး။ ဒီနေ့ ဧကရာဇ်ကျင်းလိကိုသူမကစကားတစ်လုံးတောင်မပြောခဲ့တဲ့ဟာကို ဘယ်လိုလုပ်ပြီးသူမကသူ့ကိုသွားဆွမိတာဖြစ်ရမှာလဲ?

" ငါတစ်ချက်လောက်သွားကြည့်တာပိုကောင်းမယ်"

ဟယ်ရှန်းခေါင်းညိတ်လိုက်သည်။
" ဟုတ်ကဲ့"

လျောင်ချင်းချင်း အိပ်ခန်းထဲလိုက်ဝင်သွားသည်။ဧကရာဇ်ကျင်းလိကနူးညံ့တဲ့ညောင်စောင်းပေါ်မှာထိုင်ပြီး စာအုပ်ဖတ်နေသည်။

" အရှင်မင်းကြီး"

လျောင်ချင်းချင်း ပျော့ပျောင်းစွာခေါ်လိုက်သည်။

ဧကရာဇ်ကျင်းလိ ခေါင်းမော့မကြည့်ပဲထူးလာတယ်။

" အင်း"

" အရှင်လက်ဖက်ရည်သောက်မလားဟင်? ဒီကိုယ်လုပ်တော်အရှင့်အတွက်လက်ဖက်ရည်ငှဲ့ပေးမယ်နော်"

" အင်း"

ဧကရာဇ်ကျင်းလိမျက်နှာဟာတင်းမာနေသည်။ လျောင်ချင်းချင်း သူ့အတွက်လက်ဖက်ရည်ငှဲ့ပေးလိုက်ကာ လက်ဖက်ရည်ခွက်ကိုလက်နှစ်ဖက်နဲ့ကိုင်ပြီး ဧကရာဇ်ကျင်းလိကိုဆက်သလိုက်တယ်။ ဧကရာဇ်ကျင်းလိ လက်အရှေ့ဆန့်ပြီး လက်ဖက်ရည်ခွက်ကိုလက်ခံယူလိုက်သည်။ အဲ့ဒီတော့မှသာလျောင်ချင်းချင်းပါးစပ်ဖွင့်ကာမေးလိုက်သည်။

အရှင်မင်းကြီးနေမကောင်းဘူး [ Completed]Where stories live. Discover now