ထိုပုံစံအတိုင်း ဧကရာဇ်ကျင်းလိ ကျန်းချန်နန်းတော်ကိုသွားတဲ့တလမ်းလုံးရယ်မောသွားသည်။ဖူရှန်း တွေးဆကြည့်လိုက်တော့ ဒီကိစ္စကရှီးရှို့ရုန်နဲ့ဆက်စပ်နေတာပဲဖြစ်ရမယ်လို့ သူခံစားလိုက်ရတယ်။ ဒီမောင်းမဆောင်ကြီးထဲမှာ ရှီးရှို့ရုန်တစ်ယောက်ထဲကသာ အရှင်မင်းကြီးရဲ့ခံစားချက်တွေကို လွှမ်းမိုးနိုင်တာ။
ဒါကကောင်းတာပဲ!
အရှင်မင်းကြီးပျော်ရွှင်တဲ့အခါ သူတို့အစေခံတွေအနေနဲ့ ပိုပြီးစိတ်သက်သာရာရကြတယ်။ ဒီအတွက်နဲ့ပဲ သူတို့တွေရှီးရှို့ရုန်ကိုပိုကျေးဇူးတင်သင့်နေပြီ။
သို့သော် ဒီအခိုက်မှာ ရှီးရှို့ရုန်ဖြစ်တဲ့လျောင်ချင်းချင်းမှာတော့ တစ်စုံတစ်ယောက်ကသူမကိုကျေးဇူးတွေတင်နေမှန်း မသိရှာပါဘူး။ သူမကရှက်လို့သေတော့မတတ်ပင်။ ဧကရာဇ်ကျင်းလိပြန်လာမယ်မှန်း သူမသိခဲ့မယ်ဆိုရင် အော်ဟစ်နေဖို့နေနေသာသာ အိပ်ရာပေါ်မှာလူးလှိမ့်နေမှာမဟုတ်ဘူး။
" အာာာား!"
သူမ စောင်အောက်ကနေမခံမရပ်နိုင်ဖြစ်ပြီးအော်ဟစ်လိုက်သည်။
" သခင်မ"
ဟယ်ရှန်းအသံထွက်လာတော့ အလန့်တကြားဖြစ်သွားပြီး သူမစောင်တွေကိုဆွဲချလိုက်သည်။ လျောင်ချင်းချင်း ဟယ်ရှန်းကိုကြည့်လိုက်ပြီး အဲ့ဒီနောက် ဧကရာဇ်ကျင်းလိထပ်ပြီးပြန်လာလားလို့ ဟယ်ရှန်းအနောက်ကိုလှမ်းကြည့်လိုက်သည်။
" သခင်မ ဘာဖြစ်လို့လဲ?"
ဟယ်ရှန်း စိုးရိမ်ပူပန်ပြီးမေးလိုက်သည်။
" ဘာမှမဖြစ်ပါဘူး"
" အစေခံ သခင်မအသံကိုကြားလိုက်လို့ သခင်မနေလို့အဆင်မပြေဘူးလား"
" ဟင့်အင်း ငါနေလို့အဆင်ပြေပါတယ်"
" ဒါဆို သခင်မဆက်အိပ်မလား?"
" ဟင့်အင်း"
ငါထပ်မအိပ်နိုင်တော့တာသေချာပါတယ်။" ဒါဆို ဒီအစေခံ သခင်မကိုအိပ်ရာထဲထွက်ဖို့ကူညီပါ့မယ်"
" အင်း"
သခင်မဖြစ်သူစိတ်မတတ်ကြွနေတာကိုကြည့်ပြီး ဟယ်ရှန်း လျောင်ချင်းချင်းကိုအဝတ်လဲပေးနေတုန်းမှာ မြေကွက်လပ်ထဲကအသီးအရွက်စမ်းသပ်စိုက်ခင်းကို သွားတွေးလိုက်မိသည်။
YOU ARE READING
အရှင်မင်းကြီးနေမကောင်းဘူး [ Completed]
Historical FictionDescription လျောင်ချင်းချင်းနိုးလာတဲ့အခါနှစ်သက်ခြင်းမခံရတဲ့ဇနီးငယ်လေးအဖြစ်ကူးပြောင်းသွားတယ်။ အင်ပါယာနန်းတော်ထဲဝင်ပြီးနောက် မနှစ်သက်ခံရတဲ့လျန်ရိတစ်ယောက်ဖြစ်လာသည်။ ' ငြိမ်ငြိမ်နေပြီးဘာမှမလုပ်ဘူး'ဆိုတဲ့ဆောင်ပုဒ်နဲ့အတူသူမဘဝကိုသက်တမ်းစေ့နေထိုင်ချင်သည်။...