အပိုင်း(၅)

117 11 0
                                    

Unicode

"ဥမ္မာကဘယ်တုန်းကအိမ်ရောက်နေတာလဲ"

ခါနွေဦးကထိုမိန်းကလေးကိုစိတ်မဝင်စားသလိုမျက်နှာလွှဲလိုက်ကာစောမောင်ကိုမေးလာသည်။စောမောင်ပြန်ဖြေဖို့လုပ်တော့ဥမ္မာကသူမကိုယ်တိုင်ပြန်ဖြေလာလေသည်။

"ကိုခွန်းပြန်ရောက်လာမယ်မှန်းသိလို့ဘုန်းကြီးကျောင်းကအပြန်လှည့်ဝင်လာတာ"

ဥမ္မာကရွာရဲ့ကွမ်းတောင်ကိုင်အဖြစ်လျာထားခံထားရတဲ့မိန်းကလေးတစ်ယောက်။ခါနွေဦးတို့နဲ့ရွယ်တူဖြစ်ပေမယ့်ရှေ့ကနေ ကို တပ်ခေါ်တတ်သည်မလို့ခွန်းသောက်အနေရခက်တာလည်းမနည်းတော့ပေ။ဒါလည်းမပြင်ဘူး။ခါနွေဦးကိုတော့သူ့နာမည်အရင်းအတိုင်းခေါ်တတ်သည်မလို့သိပ်ပြဿနာသိပ်မရှိသလိုဂရုစိုက်နေစရာလည်းမလိုပေ။

ဒါပေမယ့်ဥမ္မာကခွန်းသောက်ရှေ့ရောက်ရင်ရှက်သွေးဖြာတာလိုလိုဘာလိုလိုနဲ့မလို့ခါနွေဦးကြည့်မရသည်ကတော့အမှန်။ခါနွေဦးကခွန်းသောက်ရဲ့လက်မောင်းကိုလှမ်းဆွဲလိုက်သည်။

"ဥသြ ချောင်းထဲရေသွားချိုးရအောင်"

"ဟမ် ငါတို့အခုမှအိမ်ပြန်ရောက်တာလေ အိမ်မှာပဲချိုးပါကွာ ငါရေသယ်ပေးမယ်လေ"

"မရဘူး ချောင်းထဲမှာပဲရေချိုးချင်တာ"

"အခါလေး နေမွန်းတည့်တော့မှာကိုဘာချောင်းထဲလဲ ဖျားမယ် အိမ်မှာတင်ချိုး"

"မရဘူးလို့ ဒီမှာမချိုးချင်ပါဘူးဆို"

ဒီဂျစ်ကန်ကန်ကောင်လေးကိုစောမောင်ရောခွန်းသောက်ပါမနိုင်သည်မလို့သက်ပြင်းသာအသာချမိသည်။သို့သော်ဥမ္မာကမျက်မှောင်ကျုံ့လိုက်ရင်း...

"ကိုခွန်းကခရီးပန်းလာတာ နင်သွားချင်ရင်အခြားတစ်ယောက်ကိုလိုက်ပို့ခိုင်း ကိုခွန်းနားပါစေ"

ခါနွေဦးဒေါသတကြီးနဲ့ပိတောက်ပန်းတွေကိုခပ်တင်းတင်းဆုပ်ကိုင်လိုက်ကာအံကြိတ်လိုက်သည်။

"မလိုက်ပို့လည်းနေ ငါ့ဘာသာငါသွားမယ် ဖယ်"

ခွန်းသောက်ကိုတွန်းထုတ်ပြီးတစ်ယောက်တည်းအိမ်ထဲကနေပြေးထွက်သွားတဲ့ခါနွေဦးကြောင့်ခွန်းသောက်ဘာလုပ်လို့ဘာကိုင်ရမှန်းမသိတော့ပေ။စောမောင်ကတော့ရင်ထဲထိတ်ခနဲဖြစ်သွားရသည်။

ပိတောက်ပန်းတို့ပွင့်စေလို(Complete)Where stories live. Discover now