အပိုင်း(၁၀)

80 7 0
                                    

Unicode

"ကလေးတွေကိုရေပက်ခံထွက်ဖို့ခေါ်သွားပေးလိုက်ဦး"

ခါနွေဦးကိုလင်းသာနဲ့ဝင်းသာကိုချီထားရင်းကျော်ဖြိုးကိုပြောလာသည်။

"မင်းကရောမလိုက်ဘူးလား"

"တော်ပြီ ငါအဆင်မပြေလို့"

"အေး အေး မင်းနားနေလိုက် ငါခေါ်သွားပေးလိုက်မယ် ကိုစောရော လိုက်မလား"

"လိုက်မယ်လေ ခဏလေး"

ခွန်းသောက်ကခါနွေဦးနဲ့ခပ်လှမ်းလှမ်းမှာရှိနေတာကြောင့်သူတို့ဘာပြောနေလဲဆိုတာသေချာမကြားရပေ။အကြမ်းဖျဥ်းအရတော့ကလေးတွေကိုရေပက်ခံထွက်ဖို့ခေါ်သွားခိုင်းနေသည်ထင်ပါရဲ့။ကျော်ဖြိုးနဲ့စောမောင်ကကလေးတွေကိုလက်ဆွဲရင်းထွက်သွားတော့မှခါနွေဦးတစ်ယောက်ခွန်းသောက်နားပြန်ရောက်လာလေသည်။ခါနွေဦးကဝတ်ထားတဲ့ရှပ်အင်္ကျီရဲ့အပေါ်ဆုံးကြယ်သီးတစ်လုံးကိုဖြုတ်လိုက်ကာခွန်းသောက်ပခုံးပေါ်ကျောမှီလာရင်းယပ်တောင်တစ်ချောင်းနဲ့တဖြတ်ဖြတ်ခတ်နေတော့သည်။

"ပူလိုက်တဲ့ရာသီဥတု"

"နေလို့ထိုင်လို့ကောင်းပါတယ် ဒါနဲ့ဒီနှစ်မင်းသင်္ကြန်မလည်ပါလား"

"အင်း အိမ်ထဲကထွက်ရမှာပျင်းနေလို့"

ခွန်းသောက်နည်းနည်းတော့ထူးဆန်းသလိုခံစားလိုက်ရသည်။ဘယ်တော့မဆိုအနည်းဆုံးတော့သင်္ကြန်တစ်ရက်လည်တဲ့ခါနွေဦးကအသက်ကြီးလာလို့ရေစိုမခံချင်‌တော့တာများလား။

"ဥသြ"

"အင်း"

"ငါ့ကိုပြန်တွေ့ရတော့ပျော်လား"

"ပျော်တာပေါ့ ဘယ်နှယ့်မပျော်ဘဲနေပါ့မလဲ"

ခါနွေဦးကယပ်ခတ်နေတာကိုရပ်လိုက်ကာယပ်တောင်ကိုရင်ဘတ်ပေါ်အသာတင်ထားလိုက်သည်။

"တကယ်လို့ မင်းဒီလိုမျိုးတစ်နှစ်တစ်ခါလာတွေ့တဲ့အခါကျ ငါနဲ့မတွေ့တော့ရင်ရော"

"မတွေ့စရာဘာအကြောင်းရှိလို့လဲ မင်းကဒီမှာပဲရှိနေမှာမဟုတ်ဘူးလား"

ခွန်းသောက်ရဲ့အဖြေကြောင့်ခါနွေဦးခပ်ဖွဖွပြုံးလိုက်သည်။

ပိတောက်ပန်းတို့ပွင့်စေလို(Complete)Donde viven las historias. Descúbrelo ahora