Unicode
"ဒီနေ့ကမင်းမွေးနေ့မလို့ငါမင်းအတွက်မွေးနေ့လက်ဆောင်ယူလာတာကို မလိုချင်ဘူးလား"
ခုနကအိမ်ကနေသယ်လာတဲ့ချည်လွယ်အိတ်လေးကိုမြှောက်ပြတော့ခါနွေဦိးရဲ့မျက်လုံးတွေကအရောင်လက်သွားလေသည်။ဒါပေမယ့်လည်းခုနကစိတ်ဆိုးနေတာကိုသတိရပြီးမသိချင်ယောင်ပြန်ဆောင်တာကြောင့်ခွန်းသောက်အသာရယ်မိသည်။
ခါနွေဦးကမွေးနေ့လက်ဆောင်လို့ဆိုလာပြီဆိုရင်သူ့ဆီကသာအလိုချင်ဆုံးဖြစ်သည်ကိုခွန်းသောက်အသိဆုံး။လွယ်အိတ်ထဲကအဓိကမွေးနေ့လက်ဆောင်မှတ်စုစာအုပ်လေးကိုထုတ်လိုက်တော့ခါနွေဦးရဲ့မျက်ဝန်းတွေကထိုစာအုပ်မှာသာတဝဲလည်လည်။
အဝါနုရောင်အဖုံးလေးနဲ့မှတ်စုစာအုပ်လေးကခါနွေဦးရဲ့အာရုံကိုဖမ်းစားနေသည်။စာအုပ်ရဲ့ထောင့်စွန်းမှာနေကြာပန်းလေးကိုဆေးခြယ်ထားသည်မှာခါနွေဦးအကြိုက်။စာအုပ်လေးကနေမျက်စိမခွာနိုင်တော့တဲ့ခါနွေဦးကိုကြည့်ရင်းခွန်းသောက်ရယ်ချင်စိတ်ကိုမနည်းထိန်းထားရတော့သည်။
"ဒါပေမယ့်လည်း မင်းကငါ့ကိုစိတ်ဆိုးနေတာဆိုတော့လည်းငါကပဲပြန်သိမ်း....."
"မရပါဘူးနော် ငါ့ကိုပေး"
ခါနွေဦးဆက်ပြီးဟန်မဆောင်နိုင်တော့တာကြောင့်စာအုပ်လေးကိုလှမ်းလုယူလိုက်ရင်းနှစ်နှစ်ကားကားပြုံးလိုက်တော့သည်။
"ပေးမယ်လို့ရည်ရွယ်ထားတဲ့ပစ္စည်းကိုပြန်မသိမ်းကောင်းဘူးလေ"
"ပေးပြီးမှပြန်တောင်းရင်မကောင်းတာမဟုတ်ဘူးလား"
"အရစ်မရှည်နဲ့ ဒါငါယူလိုက်ပြီ"
ကလေးဆန်ဆန်နဲ့စာအုပ်လေးကိုကိုယ်ကရေတွေမစိုအောင်ကိုင်နေတဲ့ခါနွေဦးကလက်ဆောင်ကိုအတော်လေးသဘောကျပုံရသည်။ခွန်းသောက်ပြုံးလိုက်ရင်းခါနွေဦးရဲ့ခေါင်းကိုအသာပုတ်ပေးလိုက်သည်။
"ကြိုက်လား"
ခါနွေဦးကခေါင်းပြုတ်ထွက်မတတ်တဆက်ဆက်နဲ့ငြိမ်လာတော့သည်။
"စိတ်ဆိုးပြေပြီလား"
"ဒီတစ်ခါတော့အလျှော့ပေးလိုက်မယ်"
YOU ARE READING
ပိတောက်ပန်းတို့ပွင့်စေလို(Complete)
Short Storyပထမဆုံးသူငယ်ချင်း ပထမဆုံးအချစ် ပထမဆုံးအလွမ်း ပထမဆုံးပိုင်ဆိုင်မှု ပထမဆုံးရှုံးမှု အရာအားလုံးရဲ့ပထမဆုံးက ခါနွေဦး မင်းနဲ့သာသက်ဆိုင်သည်