အပိုင်း(၁၃)

78 8 0
                                    

Unicode

ခွန်းသောက်နေပြည်တော်ကိုပြန်ရောက်လာကတည်းကအတော်အလုပ်ရှုပ်နေလေသည်။သူရေးထားပါသောဝတ္ထုလေးနဲ့ပတ်သတ်ပြီးစာအုပ်ထုတ်ဝေဖို့ရာကမ်းလှမ်းခံထားရတာကြောင့်အိမ်နဲ့လည်းမကပ်ပေ။ဒီနေ့လည်းစာမူသွားပေးပြီးအလုပ်ရှုပ်ကာအကုန်လုံးပြီးမှအိမ်ပြန်ရောက်လာလေသည်။

"ဒေါ်လေး ကျွန်တော်ပြန်ရောက်ပြီ"

"ညနေစာစားမှာလားသား"

"မစားတော့ဘူးဒေါ်လေး ကျွန်တော်အိပ်လိုက်တော့မယ်"

"အေးပါကွယ် အယ် ခဏလေးသား ဒီမှာအခါလေးဆီကစာရောက်နေတယ်"

လှေကားပေါ်ကခုန်ဆင်းမတက်လာနေတဲ့ခွန်းသောက်ကြောင့်ဒေါ်လေးပြုံးမိသည်။ခွန်းသောက်ရွာကပြန်ရောက်ကတည်းကသူကသာခါနွေဦးဆီစာတွေတစ်စောင်ပြီးတစ်စောင်ပို့နေခဲ့သည်။ခါနွေဦးဆီကပြန်စာမလာသည်မလို့အခုရှိနေပါသောစာလေးကိုအလျင်အမြန်ဖွင့်ဖတ်လိုက်သည်။

          ဥသြ
               စာမပြန်ဖြစ်တဲ့အတွက်တောင်းပန်ပါတယ်                                   သိပ်အလုပ်ရှုပ်နေလို့ငါမင်းအတွက်လူကြုံ့နဲ့ပစ္စည်းတစ်ခုပို့လိုက်တယ် မနက်ဖြန်မနက်စောစောဘူတာရုံမှာစောင့်နေပါ ပေးခိုင်းလိုက်တဲ့လူကမင်းကိုသိတယ် စိတ်မပူဘဲလက်ဆောင်ကိုစောင့်ယူပါ
                                           နွေဦး

လိုရင်းကိုသာရေးသားထားပါသောစာလေးကိုခွန်းသောက်သဘောကျမိသည်။လက်ရေးဝိုင်းဝိုင်းလေးတွေနဲ့တီတီတာတာပြောတတ်တဲ့စကားလုံးလှလှလေးတွေမပါရင်တောင်မှခွန်းသောက်ကျေကျေနပ်နပ်ပဲစာကိုသိမ်းထားဖို့ဆန္ဒရှိသည်။ခွန်းသောက်စာကိုစာအိတ်ထဲပြန်ထည့်လိုက်ပြီးပြုံးမိသည်။ခုနကအိမ်ထဲဝင်လာတုန်းကနွမ်းလျလျပင်ပန်းနေတဲ့မျက်နှာမျိုးမဟုတ်တော့ပေ။ဒေါ်လေးလည်းသိတာပေါ့။နွေဦးကသူမရဲ့တူလေးအတွက်ဘယ်လောက်တောင်အရေးပါသလဲဆိုတာ။

၁၉၇၄ စက်တင်ဘာလ ၂၈ရက်နေ့

မနက်စောစောခွန်းသောက်စာထဲမှာပြောထားတဲ့အတိုင်းဘူတာရုံမှာနေမိသည်။ပို့ခိုင်းလိုက်တဲ့လူကသူ့ကိုသိတယ်လို့ပြောထားပေမယ့်လို့ဘယ်သူ့ကိုပို့ခိုင်းလိုက်လေသလဲမသိတာကြောင့်ရောက်ရာအရပ်မှာတင်တောင့်တောင့်ကြီးမတ်တပ်ရပ်နေမိသည်။ဘယ်ရထားတွဲကနေလာမလဲမသိ။ရွာကတစ်ယောက်ယောက်ဖြစ်လောက်မှာပါလေ။

ပိတောက်ပန်းတို့ပွင့်စေလို(Complete)Where stories live. Discover now