အပိုင်း(၁၂)

75 10 0
                                    

Unicode

"ရေး!!!!!"

ကလေးတွေပျော်ဖို့အရေးခွန်းသောက်တစ်ယောက်ရှိသမျှအားအကုန်ထုတ်သုံးပြီးစက်ဘီးကိုခပ်မြန်မြန်နင်းရလေသည်။လက်တွန်းလှည်းပေါ်ထိုင်လိုက်နေတဲ့ကလေးတွေရယ်စက်ဘီးနောက်ကထိုင်လိုက်လို့လာတဲ့မြတ်နိုးရသူရယ်ကြောင့်ခွန်းသောက်ပင်ပန်းရကျိုးနပ်ပါ၏။ခါနွေဦးကကလေးတွေကိုတစ်ချက်တစ်ချက်လှည့်ကြည့်ရင်းရယ်မောနေသေးသည်။

~အိမ်ပြန်လာ တပေါင်းလ ချစ်စရာနွေ~

ဆိုင်းမဆင့်ဗုံမဆင့်ပါဘဲထွက်ပေါ်လာသောအသံချိုချိုလေးကြောင့်ခွန်းသောက်နောက်လှည့်ကြည့်မိသည်။

"ရှေ့ကြည့် အဟမ်း!"

ရှေ့မကြည့်ဘဲစက်ဘီးနင်းရင်လက်ကိုင်မငြိမ်တတ်တဲ့ခွန်းသောက်ကိုခါနွေဦးတိုတိုတုတ်တုတ်ဆူလိုက်ကာချောင်းတစ်ချက်ဟန့်ရင်းသီချင်းကိုဆက်ဆိုလေသည်။

~ကြွေရွက်တွေဝဲလို့ဝေ့လည်နေကြတယ်...
ကိုယ်ပေးခဲ့သောစာရရင်...ဘယ်လိုဖြေမလဲကိုယ်မသိဘူး...
ချစ်လိမ့်မယ်...အို မချစ်ဘူး ဒီလိုမေးခဲ့တယ်...
ဒီလိုမေးခဲ့တယ်~~~

မူရင်းအသံကိုကရှင်းလင်းကြည်လင်လှပါသောခါနွေဦးကအဆိုတော်မင်းလတ်ရဲ့လေယူလေသိမ်းမှန်မှန်နှင့်ကာရဲညီအောင်သီဆိုနေလေသည်။ခွန်းသောက်ဒီသီချင်းကိုသိသည်။ဒေါ်လေးကမင်းလတ်ရဲ့ပရိသတ်ဖြစ်တာကြောင့်မကြာခဏဆိုသလိုကတ်ဆက်နဲ့သီချင်းဖွင့်တဲ့ထဲဒီသီချင်းလည်းပါသည်။သီချင်းနာမည်ကယုဇနပင်နဲ့ဖဲကြိုးဝါဆိုပဲ။ဒီသီချင်းကိုခါနွေဦးကသူ့ရဲ့အသံသာသာလေးနဲ့သီဆိုလိုက်လေတော့ခွန်းသောက်ရဲ့နုလုံးသားကမသိမသာလှုပ်ခတ်သွားရပါသည်။

~ယုဇနပင်ပန်းတွေကြားမှာသိစရာအဖြေရှိမယ်..ကိုယ့်အချစ်ကိုမပစ်ရင်~ဖဲကြိုးဝါလေးကို..ပန်းတွေကြားမှာတွေ့မယ်ကိုယ်မျှော်လင့်ခဲ့ရတယ်~တွေ့ပါ့မလားကွယ်ဖဲကြိုးဝါလေးကို..ရင်မှာ~~သံသယငြိတွယ်~~~

သူ့ရဲ့အသံကလမ်းတစ်လျှောက်ပြန့်နှံ့သွားကာကြားလိုက်ရပါသောလူတိုင်းကိုပြုံးစေလေသည်။ကလေးတွေကတောင်သီချင်းအဓိပ္ပာယ်ကိုနားမလည်သေးသော်ငြားခါနွေဦးရဲ့အသံကိုသဘောကျကြလေသည်။ထိုသို့သဘောကျတဲ့ထဲမှာခွန်းသောက်လည်းအပါအဝင်ပေါ့။

ပိတောက်ပန်းတို့ပွင့်စေလို(Complete)Where stories live. Discover now