အပိုင်း(၈)

94 11 0
                                    

Unicode

"မှန်းစမ်း ဘာတွေများပြောင်းလဲသွားသေးလဲလို့"

သူ့မျက်နှာကိုအနီးကပ်ကြည့်လာတဲ့ခါနွေဦးကြောင့်ခွန်းသောက်ပြုံးမိသည်။နည်းနည်းလောက်တည်ငြိမ်သွားတာကလွှဲရင်ခါနွေဦးကအရင်ကအတိုင်းပင်။သူလုပ်ချင်တာကိုတဇွတ်ထိုးလုပ်တတ်တုန်း။တော်တော်ကြာအောင်သူ့မျက်နှာကိုအကဲခတ်ပြီးတော့မှခါနွေဦးရယ်ရင်းခွန်းသောက်ရဲ့မျက်နှာကိုသူ့ကိုခပ်ဝေးဝေးတွန်းလိုက်သည်။

"ဘာမှလည်းမပြောင်းလဲဘူး ငမဲလုံးကငမဲလုံးပါပဲ"

ခွန်းသောက်လည်းရယ်ရင်းသူဖွနေကြခါနွေဦးရဲ့ဆံနွယ်တွေကိုအမြတ်တနိုးထိုးဖွလိုက်သည်။

"အခုဘာလုပ်နေတာလဲ ပိတောက်ပန်းခူးမလို့လား"

"ဟုတ်တယ် အစကတော့ကိုယ်တိုင်ခူးမလို့ အခုမင်းရောက်လာပြီဆိုတော့မင်းတက်ခူးပေး"

"ဟောဗျာ ဇာတ်လမ်းကစပြီ ငါမရှိတုန်းကကျတော့မင်းကိုဘယ်သူပိတောက်ပန်းခူးပေးလဲ"

"ကိုယ့်ဘာသာကိုတက်ခူးရတာပေါ့ မြန်မြန်လုပ် ခူးပေးစမ်းပါကွာ"

အစကတည်းကခါနွေဦးရဲ့စကားဆိုငြင်းဆန်နိုင်စွမ်းမရှိသည်မလို့ပုဆိုးကိုခါးတောင်းကျိုက်လိုက်ရင်းပိတောက်ပင်ပေါ်တက်ရတော့သည်။ခါနွေဦးကသူ့ကိုအပင်အောက်ကနေမော့ကြည့်နေလေသည်။

သို့သော်ထိုမျက်ဝန်းတို့ကမည်သို့သောအဓိပ္ပာယ်ကိုဖော်ဆောင်ထားသလဲဆိုတာခွန်းသောက်နားမလည်နိုင်ခဲ့ပေ။ခါနွေဦးလိုချင်လောက်မယ့်ပန်းပမာဏကိုမှန်းဆပီးပန်းခူးကာအပင်ပေါ်ကပြန်ဆင်းလာလိုက်သည်။

"ရော့ ကျေနပ်ပြီလား"

"အများကြီးပဲ ကောင်းလိုက်တာ ဒီလိုအများကြီးလက်မခံရတာကြာပြီ ကလေးတွေကိုတောင်ပန်ပေးလို့ရမယ်ထင်တယ်"

"ကလေးတွေ ဘယ်ကလေးလဲ"

ခါနွေဦးကပန်းတွေကိုသုံးပုံခွဲနေသည်၊သို့သော်ဘာအတွက်ဆိုတာကိုခွန်းသောက်ရေရေရာရာမသိရသေးပေ။

"ငါကလေးထိန်းကျောင်းဖွင့်ထားတယ်လို့စာထဲမှာပြောထားတယ်လေ"

ပိတောက်ပန်းတို့ပွင့်စေလို(Complete)Tahanan ng mga kuwento. Tumuklas ngayon