အပိုင်း(၁၇)ဇာတ်သိမ်းပိုင်း

264 11 0
                                    

Unicode

ခါနွေဦးကခွန်းသောက်ရဲ့ရင်ခွင်ကိုမှီထားရင်းပိတောက်ပင်မြင့်ထက်မော့ကြည့်မိသည်။

"ငါပိတောက်ပန်းတွေပွင့်တာကိုမြင်ရပါ့မလား"

"မြင်ရမှာပါ သေချာပေါက်မြင်နိုင်မှာ အားတင်းထားစမ်းပါကွာ"

"အင်း ငါအားတင်းထားရမယ်"

ခွန်းသောက်သူ့ကိုခပ်တင်းတင်းဖက်ထားသည်။လွှတ်လိုက်တာနဲ့ပျောက်ကွယ်သွားလေမယ့်အလား။ညအတော်မှောင်လာတော့စောမောင်ရောက်လာပြီးမီးအိမ်နဲ့ရေပုလင်းလာပေးလေသည်။ခွန်းသောက်ရဲ့ရင်ခွင်ပေါ်မှာအားနည်းစွာပြုံးပြနေတဲ့ခါနွေဦးကိုစောမောင်မကြည့်ရက်တော့သည်မလို့ခပ်မြန်မြန်သာပြန်လာမိသည်။

"ဥသြ ငါရေဆာတယ်"

"လာ ဖြည်းဖြည်းထလိုက်"

ခွန်းသောက်ရေပုလင်းကိုခါနွေဦးရဲ့နှုတ်ခမ်းနားတေ့ပေးရင်းဖြည်းဖြည်းချင်းတိုက်ရသည်။ပါးပေါ်ဖိတ်စင်သွားလေတဲ့ရေကိုခွန်းသောက်ကအသာသုတ်ပေးတော့ခါနွေဦးပြုံးသည်။ထို့နောက်အပင်မြင့်ထက်ပြန်မော့ကြည့်နေပြန်သည်။ညဥ့်သန်းခေါင်ကျော်လာတော့ခါနွေဦးတစ်ယောက်ခွန်းသောက်ပေါ်မှီရင်းခဏမှေးနေလိုက်သည်။

ညဘက်မြွေပါးကင်းပါးစိတ်ပူရတာမလို့ခွန်းသောက်မအိပ်ဘဲစောင့်နေလိုက်သည်။ခဏလောက်ကြာတော့ပိတောက်ပင်ကပိတောက်ဖူးလေးတွေကတဖြည်းဖြည်းနဲ့ပွင့်စပြုလာလေသည်။ခွန်းသောက်စိတ်လှုပ်ရှားသွားကာခါနွေဦးကိုအသာလှုပ်နှိုးလိုက်သည်။

"ပိတောက်ပန်းတွေပွင့်နေပြီ နွေဦး"

ခါနွေဦးမျက်လုံးတွေကိုအားတင်းဖွင့်လိုက်ာမော့ကြည့်လိုက်သည်။တဖြည်းဖြည်းနဲ့ပွင့်လာတဲ့ပိတောက်တွေကိုကြည့်ရင်းခါနွေဦးအတောက်ပဆုံးပြုံးသည်။

"လှလိုက်တာ"

"အင်းနော်"

ခွန်းသောက်ကိုယ်တိုင်လည်းပိတောက်ပန်းတွေပွင့်တာကိုပထမဆုံးမြင်ဖူးတာဖြစ်သည်။ပိတောက်ပန်းတွေကဒီလိုပွင့်တယ်ဆိုတာကိုနားလည်သွားရ၏။ခါနွေဦးကပြုံးနေတော့ခွန်းသောက်ပါလိုက်ပြုံးမိသည်။အဲ့လိုတဖြည်းဖြည်းနဲ့ပွင့်လာတဲ့ပိတောက်ပန်းတွေကအပင်တစ်ပင်လုံးအပြည့်ဝါဝါထိန်သွားလေတော့သည်။

ပိတောက်ပန်းတို့ပွင့်စေလို(Complete)Dove le storie prendono vita. Scoprilo ora