Unicode
ဘကြီးစောလည်းသူကိုယ်တိုင်ငယ်ငယ်ကတည်းကစောင့်ရှောက်လာရတဲ့ကလေးကဒီလိုအဖြစ်နဲ့ကြုံရတော့ရင်ထဲမကောင်းနိုင်ပေ။
"အစကကုသလို့ရမယ်ထင်ခဲ့တာ ဒါပေမယ့်ကွယ်..."
"ဘာလို့ကျွန်တော့်ကိုမပြောကြတာလဲဗျာ"
ခွန်းသောက်အံကြိတ်ထားကာမေးမိသည်။အားလုံးသိသောအကြောင်းကိုသူတစ်ယောက်သာမသိခဲ့ပေ။အရူးတစ်ယောက်လိုပဲ။
"အခါလေးကမသိစေချင်ခဲ့တာကွဲ့ သူ့ကြောင့်လူလေးရှေ့ရေးပျက်စီးသွားမှာစိုးနေတာ တကယ်လို့လူလေးသာဒီအကြောင်းသိသွားခဲ့ရင်သူ့နားကခွာမှာမဟုတ်ဘူးလို့ပြောလို့လေ"
နွေဦးမှန်သည်။သူ့စိတ်ကိုနက်နက်ရှိုင်းရှိုင်းကနေသိလွန်းသောနွေဦးကအရာအားလုံးမှန်ခဲ့သည်။သူကသာအရိပ်အကဲမသိစွာအရူးလိုနေနေခဲ့ရသည်မလား။
"လူလေးကစောမောင်ရဲ့စာရပြီးရောက်လာတာမလား"
"ဟုတ်"
"ဒါဆိုအခါလေးကိုလူလေးကပဲအဖော်လုပ်ပေးလိုက်ပါ တကယ်လို့များ...သူမျက်လုံးမှိတ်သွားခဲ့ရင်အဘကိုလှမ်းခေါ်လိုက်နော် ကလေးတွေကကျော်ဖြိုးနဲ့ရှိတယ် စိတ်မပူနဲ့"
ဘကြီးစောကမှာစရာရှိတာမှာပြီးအိမ်ထဲကထွက်သွားလေသည်။သူတို့ကစိတ်ပြင်ဆင်ထားပြီးသားဖြစ်ပေမယ့်ခွန်းသောက်ကိုတော့စိတ်ပူမိသား။ခါနွေဦးကအိပ်ပျော်နေသလောက်ခွန်းသောက်ကတော့ကြောက်သည်။ဒီလိုအိပ်နေရင်းနဲ့မှပြန်နိုးမလာရင်ဘယ်လိုလုပ်မလဲဆိုတဲ့စိတ်နဲ့ခါနွေဦးဆီကအကြည့်မခွာနိုင်ခဲ့ပေ။သူဘယ်လိုခံစားချက်နဲ့များရှေ့ဆက်ရမှာလဲ။အတွေးပေါင်းစုံနဲ့ခွန်းသောက်မလှုပ်မယှက်နိုင်စွာခါနွေဦးကိုအချိန်အကြာကြီးဖက်ထားမိသည်။
"ဥသြ"
ညနေခင်းရောက်တော့ရင်ခွင်ထက်ကကောင်လေးဆီကအသံတိုးတိုးလေးထွက်လာလေသည်။
"နိုးပြီလား နေရထိုင်ရအဆင်ပြေရဲ့လား"
"ငါအပြင်သွားချင်တယ်"
"ကောင်းပြီ ဘယ်ကိုသွားချင်တာလဲ ငါလိုက်ပို့ပေးမယ်"
"ငါပိတောက်ပန်းတွေပွင့်မှာကြည့်ချင်တယ်"
YOU ARE READING
ပိတောက်ပန်းတို့ပွင့်စေလို(Complete)
Short Storyပထမဆုံးသူငယ်ချင်း ပထမဆုံးအချစ် ပထမဆုံးအလွမ်း ပထမဆုံးပိုင်ဆိုင်မှု ပထမဆုံးရှုံးမှု အရာအားလုံးရဲ့ပထမဆုံးက ခါနွေဦး မင်းနဲ့သာသက်ဆိုင်သည်