Unicode
ခါနွေဦးမြရီကိုမြှောက်ချီလိုက်ကာပေါင်ပေါ်အသာတင်လိုက်သည်။မြရီကခါနွေဦးကိုဖက်ထားကာ
"ဖေဖေ သမီးကိုစိတ်ဆိုးနဲ့နော်"
"စိတ်မဆိုးပါဘူးကွယ် အော်လိုက်မိလို့တောင်းပန်တယ်နော်"
"သမီးသာဝင်းသာကိုသေချာဆွဲထားခဲ့ရင်ဘာမှဖြစ်လာမှာဟုတ်ဝူး တောင်းပန်ပါတယ်"
အကြီးဆုံးသမီးဖြစ်သူကတစ်ခုခုဖြစ်လာလျှင်သူ့အပြစ်ဟုသာယူဆထားပုံရသည်။ခါနွေဦးကအသာပြုံးလိုက်ကာမြရီရဲ့ပါးဖောင်းဖောင်းလေးအားမနာအောင်အသာဆွဲညစ်လိုက်သည်။
"ဖေဖေပြောတာနားထောင်နော် နောက်ဆိုသမီးအမှားမဟုတ်ဘူးဆိုရင်ကိုယ်စားတောင်ပန်ပေးစရာမလိုဘူးနော် ဖေဖေစိတ်ချမ်းသာအောင်ဆိုပြီးလုပ်စရာမလိုဘူး နားလည်လားသမီးကလိမ္မာပြီးသားပါ ဖေဖေ့စကားကိုမှတ်ထားနော်"
"ဟုတ်ကဲ့"
"ကဲ သွား ရေသွားချိုးချေ"
မြရီကစိတ်ပျော်သွာပြီမလို့လိမ်လိမ်မာမာနဲ့ပဲသူမကိုစောင့်နေပါသောကျော်ဖြိုးဆိုပြေးသွားလေတော့သည်။ခါနွေဦးသက်ပြင်းချလိုက်ကာခွန်းသောက်ပခုံးပေါ်မှီချလိုက်သည်။
"ကြည့်ရတာငါတော့ကလေးပြန်လုပ်လို့မရတော့ဘူးထင်ပါရဲ့"
ခွန်းသောက်ကရယ်ရင်းခါနွေဦးရဲ့ဆံနွယ်တွေကိုဆော့ကစားနေလေသည်။
"မင်းကငါ့အတွက်တော့အမြဲတမ်းကလေးပါပဲ ဆယ့်ခြောက်နှစ်သားလေးလေ"
"မင်းကငါ့အဖေလား လေသံကိုက မင်းလည်းကြာလေအဖိုးကြီးဆန်လာလေလေပဲ"
"အမ်??"
နှစ်ယောက်သားအတူရယ်မောမိကြသည်။သူတို့ရဲ့ရယ်မောသံတွေကိုလေညှင်းလေးကသယ်ဆောင်သွားပေးကာတစ်အိမ်လုံးကိုအမှတ်တရတွေနဲ့ဖုံးလွှမ်းစေခဲ့လေသည်။ခွန်းသောက်ပျော်မိပါ၏။သည်လိုမျိုးအတောက်ပဆုံးနဲ့အလှပဆုံးပြုံးနေတတ်သောခါနွေဦးကိုသူမြတ်နိုးသည်။ခါနွေဦးဖြစ်သည်ဆိုသောအတွေးလေးကိုပင်သူကျေနပ်မိပါ၏။
ကလေးတွေရေချိုးပြီးသူကြီးအိမ်ထဲမှာအကုန်တန်းစီအိပ်ပျော်သွားကြလေသည်။ခါနွေဦးကတော့ခုနကပြဲသွားသည်ဟူသောအင်္ကျီကိုပြန်ချုပ်နေလေသည်။
YOU ARE READING
ပိတောက်ပန်းတို့ပွင့်စေလို(Complete)
Short Storyပထမဆုံးသူငယ်ချင်း ပထမဆုံးအချစ် ပထမဆုံးအလွမ်း ပထမဆုံးပိုင်ဆိုင်မှု ပထမဆုံးရှုံးမှု အရာအားလုံးရဲ့ပထမဆုံးက ခါနွေဦး မင်းနဲ့သာသက်ဆိုင်သည်