အပိုင်း(၉)

93 11 0
                                    

Unicode

"ကဲ ကလေးတွေ မင်းတို့ရဲ့ဖေဖေလေးကိုနှုတ်ဆက်ကြမယ်"

"သားနာနည်ကလင်းသာပါ ၆နှစ်ရှိပါပြီဗျ"

"သားကဝင်းသာပါ၆နှစ်ပါဗျ"

အမွှာလေးနှစ်ယောက်ကဘေးချင်းယှက်နေရင်းကရှေ့ထွက်လာကာခွန်းသောက်ကိုပြုံးပြမိတ်ဆက်လေသည်။တထေရာတည်းတူနေလေတဲ့နှစ်ယောက်ကိုဘယ်လိုခွဲရလေမလဲခွန်းသောက်ခေါင်းခြောက်ရသည်။နာမည်မှားခေါ်မိမှာမြင်ယောင်သေးသည်။

"သမီးနာမည်ကစန်းဝေပါ ၅နှစ်ရှိပါပြီ"

"သားနာမည်ကသစ်ခွန်းပါ သုံးနှစ်ပါခင်ဗျ"

မြရီရဲ့လက်မောင်းတွေကြားကနေစကားမပီကလာပီကလာပြောကာမိတ်ဆက်လာတဲ့ကလေးရဲ့နာမည်ကြောင့်ခွန်းသောက်အံ့သြသွားရသည်။ခါနွေဦးကိုလှည့်ကြည့်မိတော့ပြုံးရုံသာပြုံးနေတဲ့နှုတ်ခမ်းဖျားလေးတွေကရှက်ပြုံးတစ်ခုအဖြစ်ပြောင်းလဲသွားလေသည်။အငယ်ဆုံးသားလေးဖြစ်တာရောအဲ့အချိန်ကခွန်းသောက်မရှိတုန်းကအချိန်ဖြစ်နေတော့သူ့စိတ်ထဲမှာရှိနေတဲ့နာမည်ကနှစ်သစ်ခွန်းသောက်သာဖြစ်နေခဲ့လေသည်။

ရှေ့ကကလေးတွေကသူတို့နာမည်ကိုမှည့်ပေးခံရပြီးသားဖြစ်တာကြောင့်သူ့ဆီကိုအနှီးထုပ်နေနဲ့ရောက်လာတဲ့ဒီကလေးကိုသူနာမည်ပေးဖို့ဖြစ်လာတဲ့အခါသူစဥ်းစားမိသွားတဲ့နာမည်ကသစ်ခွန်း။ခွန်းသောက်ရယ်လိုက်ကာမြရီရဲ့လက်ထဲကသစ်ခွန်းလေးကိုပြောင်းချီလိုက်ကာပါးဖောင်းဖောင်းလေးကိုအသာဆွဲညစ်လိုက်သည်။

"ငါအသက်ငယ်ငယ်နဲ့ကလေးရမယ်လို့တောင်မထင်ဘူး ဟုတ်တယ်မလားနွေဦး"

"ငါ့ကိုလာမစနဲ့"

"ဟုတ်ပါပြီ မစတော့ပါဘူး"

ခါနွေဦးကသူ့ကိုမျက်စောင်းသေးသေးလေးနဲ့တစ်ချက်ကြည့်ကာတခြားဘက်မျက်နှာလွှဲသွားလေသည်။မြရီနဲ့စန်းဝေကခါနွေဦးနားမှာရှိနေတဲ့ပိတောက်ပန်းတွေကိုမြင်တော့ပန်ပေးဖို့ပူဆာတော့သည်။ခါနွေဦးကလည်းအစကတည်းကသူတို့လေးတွေအတွက်ယူလာသည်မလို့ပန်းတွေကိုအညီအမျှခွဲပေးနေသည်။မြရီကအလိုက်တသိအိမ်ထဲပြေးဝင်သွားကာအုန်းဆီနဲ့ဘီးယူလာပြီးမနေ့ကကျစ်ထားတဲ့ဆံကျစ်လေးကိုဖြည်ချလိုက်လေသည်။ဆံပင်သန်လွန်းတဲ့မြရီကနက်မှောင်နေတဲ့ပိတုန်းရောင်ဆံပင်ရှည်တွေကိုပိုင်‌ဆိုင်ပါ၏။ခါနွေဦးခပ်သဲ့သဲ့ရယ်လိုက်ကာမြရီရဲ့ခေါင်းကိုအသာအယာပုတ်ပေးလိုက်သည်။

ပိတောက်ပန်းတို့ပွင့်စေလို(Complete)Donde viven las historias. Descúbrelo ahora