အပိုင်း(၇)

102 10 0
                                    

Unicode

သုံးနှစ်တောင်ရှိခဲ့ပြီ။ခွန်းသောက်တစ်ယောက်ခါနွေဦးနဲ့မတွေ့ရတာသုံးနှစ်တောင်ရှိခဲ့ပြီ။တစ်နှစ်ကိုသုံးရာခြောက်ဆယ့်ငါးရက်။ရက်ပေါင်းတစ်ထောင်ကိုးဆယ့်ငါးရက်။နာရီပေါင်းများစွာကြာခဲ့ပြီ။စာပေးစာယူတော့ရှိတယ်ဆိုပေမယ့်ခွန်းသောက်လွမ်းနေတုန်းပင်။

အဲ့နေ့ကခွန်းသောက်ရောခါနွေဦးပါဆယ်တန်းအောင်ခဲ့ကြသည်။ခါနွေဦးကိုသူနဲ့အတူခေါ်ခဲ့ချင်ပေမယ့်ခါနွေဦးကလက်မခံဘဲအနီးအနားမှာရှိတဲ့တက္ကသိုလ်မှာသာတက်ဖို့ရွေးချယ်ခဲ့ပြီးအခုဆိုမူလတန်းကလေးတွေကိုစာသင်ပေးနေတဲ့ဆရာတစ်ယောက်ဖြစ်နေပြီကြားသည်။ရွာမှာလည်းကလေးထိန်းကျောင်းဖွင့်ထားသည်ဟုစာထဲမှာပြောထားသည်။စိတ်မရှည်ဂျစ်ကန်ကန်နဲ့ကောင်လေးကကလေးထိန်းကျောင်းဖွင့်သည်ဆိုတော့ခွန်းသောက်သိပ်မယုံချင်ပေ။ကျော်ဖြိုးနဲ့စောမောင်လည်းအားရင်ကူပေးသည်ဟုပြောထားသေးသည်။ခါနွေဦးကလေးထိန်းနေတဲ့ပုံကိုကိုယ်တိုင်မြင်ကြည့်ချင်ပါသေးရဲ့။

သူကိုယ်တိုင်ကတော့စာပေအနုပညာကိုလေ့လာနေပြီးဝတ္ထုရေးဆရာတစ်ယောက်ဖြစ်ဖို့ကြိုးစားနေသည်။ဒေါ်လေးကလည်းတတ်နိုင်သလောက်နောက်ကနေပံ့ပိုးပေးသည်။သူကိုယ်တိုင်ကလည်းကြိုးစားသည်မလို့ဒေါ်လေးလည်းကျေနပ်ပုံရသည်။ဒါပေမယ့်ခါနွေဦးဆီကစာရောက်တာထက်ဘယ်အရာမှနှိုင်းယှဥ်မရပေ။ဘာအကြောင်းရေးထားရေးထားစိတ်ဝင်တစားဖတ်ပြီးတစ်စောင်လေးတောင်လွှင့်မပစ်ဘဲသေတ္တာလေးတစ်ခုထဲထည့်သိမ်းထားသည်။

အရွယ်ရောက်လာတဲ့သူတို့အဖို့ရည်မှန်းချက်ကိုယ်စီနဲ့ကိုယ့်လမ်းကိုလျှောက်လှမ်းဖို့အချိန်တန်လာတဲ့အခါမှာတောင်ခွန်းသောက်ကခါနွေဦးကိုသတိမရတဲ့နေ့ဆိုတာမရှိပေ။စာထဲမှာသတိရသည်လို့ထည့်ရေးပြီးပို့လိုက်တိုင်းခါနွေဦးဆီကနှစ်ရက်သုံးရက်ကြာမှပြန်ရောက်လာတတ်တဲ့ပြန်စာလေးထဲမှာငါလည်းသတိရတယ်ဆိုတဲ့စာကြောင်းလေးနဲ့ခွန်းသောက်တင်းတိမ်ခဲ့ရသည်။သူသိပ်ကြိုက်နှစ်သက်တဲ့ပိတောက်ပန်းတွေကိုမသည်သူကများခူးပေးမည်နည်း။

ပိတောက်ပန်းတို့ပွင့်စေလို(Complete)Where stories live. Discover now