{Zawgyi}"မေမေ ကျေးဇူးပြုပြီး ကျေးဇူးပြုပြီး ကျေးဇူးပြုပြီးတော့" ချစ်စရာကောင်းပြီး ဖြူစင်တဲ့ငါးနှစ်အရွယ် ကောင်လေးတစ်ယောက်က တစ်စုံတစ်ခုအတွက် သူ့ရဲ့အမေကို တောင်းဆိုနေတယ်။
"မရဘူးလို့ မေမေ ပြောနေတယ်လေ။ သွားအိပ်တော့" သူ့ရဲ့အမေက သူ့ကို ဆက်တိုက်ငြင်းဆိုနေတယ်။
"မေမေ မေမေ မေမေ ကျေးဇူးပြုပြီးတော့" အခု သူက သူ့ရဲ့အထိရောက်ဆုံးလက်နက်ဖြစ်တဲ့ ပါပီမျက်လုံးလေးတွေကို အသုံးပြုနေပြီဖြစ်တယ်။ သူက အရမ်းခေါင်းမာတယ်၊ လွယ်လွယ်နဲ့ အရှုံးမပေးဘူး။
"ဟုတ်ပြီ။ ဟုတ်ပြီ အခု အဲ့လို ကြည့်နေတာ ရပ်လိုက်တော့။ အရင်ဆုံး သားရဲ့အိပ်ခန်းထဲကို အရင်သွားကြမယ်။ ပြီးမှ သားကို ပုံပြင်ပြောပြမယ်" သူ့ရဲ့အမေက သဘောတူလိုက်တာနဲ့ သူက ပျော်ရွှင်စွာ ခုန်ပေါက်နေခဲ့တယ်။
"အားယွမ်..ပြေးနေတာ ရပ်လိုက်တော့" သူ့အမေက ဘယ်လောက်ပဲ ငြင်းဆိုနေပါစေ သူ မရမကတောင်းဆိုတဲ့အခါ ဘယ်သူမှ သူ့ကို ငြင်းဆန်လို့မရဘူး။
အိပ်ခန်းထဲကို ရောက်တဲ့အခါ အားယွမ်က အိပ်ရာပေါ်လှဲလိုက်ပြီး သူ့အမေရဲ့ပေါင်ပေါ် ခေါင်းတင်လိုက်တယ်။
"ဒါဆို ဘယ်လိုပုံပြင်မျိုးနားထောင်ချင်လဲ မေမေ့ရဲ့အဆိုးလေး"
"ထိတ်လန့်စရာ၊ ဝမ်းနည်းစရာကောင်းတာ၊ စွန့်စားတာတွေ ဒါမှမဟုတ်" အားယွမ်က သူ့အမေရဲ့ စကားကို ဖြတ်ပြောလိုက်တယ်။ "အချစ်ဇာတ်လမ်း"
"အချစ်ဇာတ်လမ်း?" သူ့အမေက နားမလည်ခဲ့ဘူး။ သူ့ရဲ့သားငယ်လေးက ဒီနေ့ကျမှ ဘာလို့အချစ်ဇာတ်လမ်းကို နားထောင်ချင်ရတာလဲ?
"ဘာဖြစ်လို့လဲ မေမေ..ဘာလို့ တိတ်သွားတာလဲ? သားကို ပုံပြင်ပြောပြပါဦး"
"မေမေ ဘာမှမဖြစ်ပါဘူး"
"မေမေ ဒီတစ်ခါတော့ ဇာတ်ကောင်နာမည်တွေကို နည်းနည်းလောက်ရင်းနှီးတာလေးထားပေး။ မဟုတ်ရင် ဒီနတ်ဆိုးဘုရင်လေးက ဇာတ်ကောင်နာမည်တွေကို မေ့မေ့သွားတတ်လို့" သူက နှုတ်ခမ်းလေးစူလိုက်တယ်။
YOU ARE READING
The lament [Completed]
Fanfiction[Zawgyi] ရှောင်းကျန့်က သူ့ရဲ့မင်္ဂလာပွဲအတွက် ပြင်ဆင်နေတယ်။ သူက သတို့သားဝတ်စုံပြည့် ဝတ်ဆင်ထားပေမယ့်လည်း ကံကြမ္မာက ရက်စက်ခဲ့တယ်။ မင်္ဂလာဆောင်တဲ့နေ့မှာပဲ သူချစ်ရတဲ့ စေ့စပ်ထားသူက ကားမတော်တဆမှုဖြစ်ခဲ့ပြီး သူ့ကို ခွဲခွာသွားခဲ့တယ်။ သေဆုံးမှုက ရက်စက်လွန်းတယ်။ လူတိ...