-15

227 13 2
                                    

{Zawgyi}

ရှောင်းကျန့်က သူ့အိမ်က သူ့အခန်းထဲမှာ လဲလျောင်းနေရင်း အတွေးများနေတယ်။

အဲ့ဒီဟိုတယ်ကနေ jinnyနဲ့ ထွက်လာပြီးတဲ့နောက် ဟိုတယ်အပြင်ဘက်ကိုရောက်တဲ့အချိန် သူ့နောက်ကနေ မိန်းကလေးတစ်ယောက်က "ရှောင်းကျန့်"လို့ ခေါ်တာကို ကြားလိုက်ရတယ်။

"လင်းဝေ" သူ တိုးတိုးလေးရေရွတ်လိုက်မိတယ်။

လင်းဝေက သူ့ဆီလျောက်သွားတယ်။ အချိန်အတော်ကြာနေတာကြောင့် သူမက ရိပေါ်နဲ့အားယွမ်ကိုရှာဖို့လာခဲ့ရာမှာ မျက်နှာချင်းဆိုင်တွေ့နေကြပေမယ့်လည်း ဘာမှမပြောကြတဲ့လူနှစ်ယောက်ကို သူမ မြင်လိုက်ရတယ်။

"ညီမတို့နှစ်ယောက် ခဏလောက်စကားပြောလို့ရမလား" Jinnyက ရှောင်းကျန့်ကို လင်းဝေနဲ့ထားခဲ့ပြီး ထွက်သွားပေးခဲ့တယ်။

သူတို့တွေ နောက်ဆုံးတွေ့ခဲ့ကတည်းက အချိန်တွေအများကြီး ကုန်ဆုံးသွားခဲ့ပြီဖြစ်တယ်။ "နေကောင်းရဲ့လား?" လင်းဝေက အရင်ဆုံးမေးလာခဲ့ပြီး သူမက စကားကိုဘယ်လိုစပြောရမလဲဆိုတာ နားမလည်ခဲ့ဘူး။

"ကောင်းပါတယ်" ကြည့်ရတာ ရှောင်းကျန့်က ပိုစိတ်လှုပ်ရှားနေပုံရတယ်။

"အစ်ကို ပြန်မလာတော့ဘူးလား" သူမက အတော်ကြာအောင်ပြောချင်ခဲ့တဲ့စကားကို ပြောလိုက်တယ်။

"huff..လင်းဝေ အစ်ကိုဘာလုပ်ရမှန်းမသိတော့ဘူး၊ ပြန်လာဖို့က မလွယ်ကူဘူး" ရှောင်းကျန့်ကပြောပြီး ထွက်သွားဖို့ကျောခိုင်းလိုက်တယ်။

"သူ့အတွက်" လင်းဝေဆီကထွက်လာတဲ့ စကားလုံးနှစ်လုံးက ရှောင်းကျန့်ရဲ့ခြေလှမ်းတွေကို ရပ်တန့်သွားစေတယ်။

"သူက အစ်ကို့ကို ချစ်နေတုန်းပဲ။ သူ့နှလုံးသားထဲမှာ အစ်ကိုတစ်ယောက်တည်းပဲရှိတယ်။ အခြားဘယ်သူမှမရှိဘူး" လင်းဝေက ဒီစကားတွေကို လေးလံတဲ့နှလုံးသားနဲ့ ပြောလိုက်တယ်။

"အစ်ကိုကလွဲလို့ အခြားဘယ်သူ့အတွက်မှ နေရာမရှိဘူး"

"လွန်ခဲ့တဲ့ခြောက်နှစ်ကတည်းက သူနာကျင်နေခဲ့တယ်။ ပြန်လာခဲ့ပါ။ ပြီးတော့ သူ့ရဲ့နာကျင်မှုတွေကို သက်သာအောင်လုပ်ပေးပါ" လင်းဝေရဲ့ မျက်လုံးကနေ မျက်ရည်တွေ စီးကျလာတယ်။

The lament [Completed]Where stories live. Discover now