{Zawgyi}
"ကောင်းတယ်" Yubinက ပျော်ရွှင်စွာ ပြောလာတယ်။
"Congratulations" ရိပေါ်က Yubin ကို ပြောလိုက်တယ်။
"ဘာလို့လဲ?"
"မင်းရဲ့ကော်ဖီဆိုင်အတွက်လေ"
"အိုး..ဟုတ်ပါပြီ"
သူတို့နှစ်ယောက်ကြားမှာ ပြောစရာစကားတွေအများကြီးရှိနေခဲ့တယ်။
အဲ့ဒီနောက် ရိပေါ်နဲ့ရှောင်းကျန့်က အိမ်ကိုပြန်လာခဲ့ကြပြီး ရှောင်းကျန့်ရဲ့အိမ်ရှေ့ကို ရောက်လာခဲ့တယ်။
"မနက်ဖြန်မှတွေ့မယ်" ရှောင်းကျန့်က ရိပေါ်ကို နှုတ်ဆက်ပြီး အထဲကိုဝင်သွားတယ်။ ဒါပေမဲ့
"ကျန့်ကော" ရိပေါ်က သူ့ကို တားလိုက်တယ်။ သူ့မှာမေးခွန်းတွေအများကြီးရှိနေပြီး အဖြေကို သိချင်နေတယ်။ သူပြန်ရောက်လာကတည်းက အရင်က မသိခဲ့တဲ့ အကြောင်းအရာတွေကို သိခဲ့ရတယ်။
"ဟမ်" ရှောင်းကျန့်က ပြန်လှည့်ကြည့်လာတယ်။
"ကျန့်ကောက ဘာလို့တက္ကသိုလ်ဆက်မတက်တာလဲ?" ရိပေါ်ရဲ့မေးခွန်းက ရှောင်းကျန့်ကို အတွေးနက်သွားစေတယ်။
"အင်း...ဘာလို့လဲဆိုတော့" ရှောင်းကျန့်က အကြောင်းပြချက်ကို စဉ်းစားနေတယ်။ "ထားလိုက်ပါတော့။ ရိပေါ် အိမ်ပြန်တော့လေ။ အန်တီက ဖုန်းခေါ်နေတာ ခုနှစ်ကြိမ်လောက်ရှိနေပြီ" ရှောင်းကျန့်က အကြောင်းအရာကိုပြောင်းလိုက်တယ်။ ရိပေါ်က သူ့မေးခွန်းရဲ့အဖြေကို အပြည့်အစုံမသိရသေးတဲ့အတွက် အကြောင်းအရာကို အပြောင်းမခံခဲ့ဘူး။
"ကျန့်ကော ကျွန်တော် အဖြေကို အရင်သိချင်တယ်" ရိပေါ်က အလျော့မပေးဘဲပြောလိုက်တယ်။
"မနက်ဖြန်ကျမှ ငါတို့ပြောကြတာပေါ့ ရိပေါ်။ အခုတော့ ပြန်တော့နော်" ရိပေါ်ရဲ့ဖုန်းက ထပ်မြည်လာတဲ့အခါ ရှောင်းကျန့်က သူ့ကို အိမ်ပြန်ဖို့ တိုက်တွန်းလာခဲ့တယ်။
"အင်း..ဒါဆိုရင် ဒီမေးခွန်းရဲ့အဖြေကို ကြိုစဉ်းစားထားပြီး မနက်ဖြန်ကျရင် အဖြေပေးရမယ်နော်" ရိပေါ်က ပါးစပ်တွန့်လိုက်တယ်။
ရှောင်းကျန့်က ပြုံးလိုက်ပြီး 'ဘာလဲ? ရိပေါ်က ဒီလိုမျက်နှာမျိုး လုပ်တတ်တဲ့ ကလေးလား'
YOU ARE READING
The lament [Completed]
Fanfiction[Zawgyi] ရှောင်းကျန့်က သူ့ရဲ့မင်္ဂလာပွဲအတွက် ပြင်ဆင်နေတယ်။ သူက သတို့သားဝတ်စုံပြည့် ဝတ်ဆင်ထားပေမယ့်လည်း ကံကြမ္မာက ရက်စက်ခဲ့တယ်။ မင်္ဂလာဆောင်တဲ့နေ့မှာပဲ သူချစ်ရတဲ့ စေ့စပ်ထားသူက ကားမတော်တဆမှုဖြစ်ခဲ့ပြီး သူ့ကို ခွဲခွာသွားခဲ့တယ်။ သေဆုံးမှုက ရက်စက်လွန်းတယ်။ လူတိ...