{Zawgyi}
ရှောင်းကျန့် အဝတ်အစားလဲပြီး အောက်ထပ်ကိုဆင်းကာ အားလုံးနဲ့အတူ မနက်စာစားဖို့ ထမင်းစားပွဲမှာ ဝင်ထိုင်လိုက်တယ်။
ရိပေါ်က သူ့ရဲ့ဘေးမှာထိုင်နေပြီး မဒမ်ယုနဲ့ဟဲလင်းဝေက သူနဲ့မျက်နှာချင်းဆိုင်ခုံမှာ ထိုင်နေကြတယ်။
"အဖေက ဘယ်မှာလဲ အမေ?" ရှောင်းကျန့် သူ့အဖေမရောက်သေးတာကိုမြင်တော့ သူ့အမေကို မေးလိုက်တယ်။
"ဒီမနက်အစောကပဲ ရုံးကိုထွက်သွားပြီ" သူမက ပြန်ဖြေလာတယ်။
"အိုး.." ရှောင်းကျန့်ရဲ့နှုတ်ခမ်းက အချိန်ခဏလောက် ဟသွားတယ်။
"ရိပေါ် နင်ဒီကိုဘာလာလုပ်တာလဲ?" ဟဲလင်းဝေက မေးလာခဲ့တယ်။
"မနက်စာလာစားတာ" သူက ပန်ကိတ်ကို တစ်ကိုက်ကိုက်ရင်း ဖြေလိုက်တယ်။ ရိပေါ်ရဲ့အဖြေကိုကြားပြီး မဒမ်ယုနဲ့ ရှောင်းကျန့်က ပြုံးသွားကာ လင်းဝေကတော့ ဆူပုတ်သွားတယ်။
"ငါက အဲ့တာကိုမေးတာမဟုတ်ဘူးလေ။ နင် တရုတ်ကို ဘာလို့ပြန်လာခဲ့တာလဲလို့ မေးတာ" သူမရဲ့ပါးစပ်က ငါးတစ်ကောင်လို ပိန်လိုက်ဖောင်းလိုက်ဖြစ်နေတယ်။
"ဘာလို့လဲဆိုတော့ ငါက တရုတ်မှာ မွေးတာလေ" ရိပေါ်က တူညီတဲ့အမူအရာနဲ့ပဲ ပြန်ပြောလိုက်တယ်။
"နင့်ကိုမေးရတာ ဘာအဓိပ္ပါယ်မှမရှိဘူး" သူမက ပြောလာတယ်။
"အဲ့ဒါဆို ဘာလို့မေးနေသေးလဲ?" ရိပေါ်က သူမကို 'တုံးလိုက်တာ' လို့ပြောနေသလို မျက်ခုံးပင့်ကာ ကြည့်လိုက်တယ်။
"ရိပေါ်!!!" သူမက ဒေါသထွက်စွာအော်ဟစ်လာပြီး ရှောင်းကျန့်က အကျယ်ကြီးအော်ရယ်လာခဲ့တယ်။
"Xiong" သူမက ညည်းညူလာတယ်။
"အိုကေ အိုကေ အစ်ကို မရယ်တော့ဘူး" ရှောင်းကျန့်က မရယ်မိအောင်ကြိုးစားရင်း ပြန်ပြောလိုက်တယ်။
မဒမ်ယုကတော့ အကြာကြီးနေမှ ရှောင်းကျန့်က ပျော်ပျော်ရွှင်ရွှင်ရယ်မောနေတာကိုကြည့်ပြီး ဝမ်းသာနေတယ်။
"ဒါနဲ့ ရိပေါ်..မင်း ကောအိမ်ကို ဘာလို့ရောက်လာတာလဲဆိုတာ မပြောရသေးဘူးနော်" ရှောင်းကျန့်က ခေါင်းလှည့်ကာ အပြုံးလေးနဲ့ ရိပေါ်ကို ကြည့်လိုက်တယ်။
YOU ARE READING
The lament [Completed]
Fanfiction[Zawgyi] ရှောင်းကျန့်က သူ့ရဲ့မင်္ဂလာပွဲအတွက် ပြင်ဆင်နေတယ်။ သူက သတို့သားဝတ်စုံပြည့် ဝတ်ဆင်ထားပေမယ့်လည်း ကံကြမ္မာက ရက်စက်ခဲ့တယ်။ မင်္ဂလာဆောင်တဲ့နေ့မှာပဲ သူချစ်ရတဲ့ စေ့စပ်ထားသူက ကားမတော်တဆမှုဖြစ်ခဲ့ပြီး သူ့ကို ခွဲခွာသွားခဲ့တယ်။ သေဆုံးမှုက ရက်စက်လွန်းတယ်။ လူတိ...