-16

214 16 0
                                    

{Zawgyi}

ဒီနေ့က သူတို့ ပြန်ရတော့မယ့်နေ့ဖြစ်တယ်။ မနေ့ကတည်းကတိုင် ဟဲလင်းဝေက ဘာမှမပြောဘဲ တစ်ချိန်လုံး စိတ်ရှုပ်နေခဲ့တယ်၊ ​​သူမမှာ ဘာတွေဖြစ်ခဲ့တာလဲ?

အားလုံးက ဘတ်စ်ကားပေါ်မှာ ထိုင်နေကြပြီး လင်းဝေတစ်ယောက်ပဲ ကျန်နေတာကြောင့် ရှောင်းကျန့်က သူမ ဘာလို့ ဒီလောက်ကြာနေတာလဲဆိုတာကို သိချင်နေတယ်။

အိမ်ထဲကို ဝင်လိုက်တာနဲ့ လင်းဝေ ထွက်လာတာကို တွေ့လိုက်ရတော့ "လင်းဝေ"လို့ ရှောင်းကျန့်က သူမကို ခေါ်လိုက်တယ်။

ဒါပေမဲ့ သူမက သူ့ကို လျစ်လျူရှုပြီး ဆက်လျောက်သွားကာ ရှောင်းကျန့်ကို အနောက်မှာချန်ထားခဲ့တယ်။ "လင်းဝေ..ဘာတွေတွေးနေတာလဲ? အစ်ကို မင်းကိုခေါ်နေပေမယ့် ပြန်လည်းမဖြေဘူး" ရှောင်းကျန့်က ရပ်လိုက်ပြီး သူမကို မေးလိုက်တော့ လင်းဝေက ခေါင်းခါပြလာတယ်။

ရှောင်းကျန့်က မှန်တယ်လို့မခံစားရဘူး၊ သူမမှာ တစ်ခုခုဖြစ်သွားပေမယ့် အဲ့ဒါကဘာလဲ။ တစ်ခုခုမဖြစ်ခဲ့ဘူးဆိုရင် သူမက ဘယ်တော့မှ ဒီလိုမျိုးငြိမ်နေမှာမဟုတ်ဘူး။ မုန်တိုင်းမတိုက်ခင် ငြိမ်သက်နေတာမျိုးလား?

ရှောင်းကျန့်ရဲ့ဖုန်းကတုန်ခါလာပြီး သူ ဖုန်းကိုကောက်ကိုင်လိုက်တယ်၊ ရှောင်းကျန့်ရဲ့အဖေ မစ္စတာရှောင်က ဖုန်းခေါ်လာတာဖြစ်တယ်။

"ဟယ်လို အဖေ" ရှောင်းကျန့် ပုံမှန်အတိုင်း ပြန်ဖြေလိုက်တယ်။

"ကျန့်.. သား အဆင်​​ပြေတယ်မလား၊ ဒီ​နေ့ အဖေတို့ ဝမ်အိမ်​တော်ကိုသွား​မလို့..သားလည်း အဲ့ဒီကို ရိပေါ်နဲ့လာခဲ့လိုက်။ ပြီးရင် အဖေတို့  အတူတူ အိမ်​ပြန်​ကြမယ်​" မစ္စတာရှောင်ရဲ့ အသံက အရင်​အတိုင်း တည်ငြိမ်နေတယ်။

"ဟုတ်ကဲ့ အဖေ" ရှောင်းကျန့်ပြန်ဖြေလိုက်ပြီး ဖုန်းချလိုက်တယ်။

ရိပေါ်ကိုလည်း သူ ပြောပြလိုက်ပြီး နှစ်ယောက်သား ဝမ်အိမ်တော်ကို ထွက်လာခဲ့ကြတယ်။

သူတို့နှစ်ယောက် အိမ်ထဲကိုဝင်လာတဲ့အချိန် ဝမ်ရိပေါ်ရဲ့မိဘတွေနဲ့ ရှောင်းကျန့်ရဲ့မိဘတွေက ထိုင်ပြီး စကားပြောနေကြတယ်။

The lament [Completed]Where stories live. Discover now