{Zawgyi}
"ဖေဖေ" အားယွမ်က အိပ်ရာထဲကနေ စိတ်လှုပ်ရှားစွာနဲ့ ခုန်ထပြီး အိမ်ရဲ့တံခါးပေါက်ဆီကို ပြေးသွားတယ်။
သူ့အမေက တံခါးဖွင့်ပေးဖို့ သူ့နောက်ကနေ အောက်ထပ်ကို ဆင်းလာခဲ့တယ်။
သူ့အဖေက ဒီနေ့နောက်ကျတယ်။ "Dada" သူ့ရဲ့နတ်ဆိုးသားငယ်လေးက သူ့ကြောင့်မအိပ်သေးတာကို သူ့အဖေက ကောင်းကောင်းသိတယ်။ သူ့အဖေက သူ့ကို ဒူးထောက်ကာ ကောက်ချီလိုက်တယ်။
"သားက မအိပ်သေးဘူးပေါ့" သူ့အဖေက သူ့ပါးကိုနမ်းပြီး မေးလာတယ်။ အဲ့ဒါက အားယွမ်ကို ပျော်ရွှင်စွာ တခစ်ခစ်ရယ်မောသွားစေတယ်။
"အူမြူးနေတာပဲ" ရယ်သံကိုကြားပြီး သူ့အဖေက သူ့ကို စနောက်လာတယ်။
"ကြိုဆိုပါတယ် ဟန်နီ" သူ့မိန်းမက သူ့ကို နှုတ်ဆက်လာမှ သူ့မိန်းမရှိနေတာကို သတိထားမိသွားတယ်။ သူက ခံစားချက်မရှိတဲ့အကြည့်နဲ့ သူ့မိန်းမကို ကြည့်လိုက်တယ်။
"အားယွမ်..ဖေဖေတို့ အထဲဝင်ပြီး စကားတွေအများကြီးပြောကြမယ်နော်" သူ့အဖေက သူ့ကို ပြုံးပြလာတယ်။ အထဲဝင်ဖို့ပြောပြီး သူ့မိန်းမကို အနောက်မှာ ချန်ထားခဲ့တယ်။ သူမက သူ့ယောက်ျားကို နာကျင်တဲ့မျက်လုံးတွေနဲ့ ကြည့်နေခဲ့တယ်။
"Dadaသိလား" အားယွမ်က ပျော်ပျော်ရွှင်ရွှင်နဲ့ ပြောလိုက်တယ်။ "ဒီနေ့ မေမေက သားကို ဇာတ်လမ်းတစ်ပုဒ်ပြောပြတယ်"
"ဟုတ်လား" သူ့အဖေက သူ့ပျော်ရွှင်မှုကို မျှဝေယူလာတယ်။ အားယွမ်က ခေါင်းညိတ်ပြလိုက်တယ်။
"ဘယ်လိုဇာတ်လမ်းမျိုးလဲ" သူ့အဖေက သူ့ရဲ့ချစ်စရာကောင်းတဲ့အသံလေးနဲ့ ပြောပြလာတဲ့ဇာတ်လမ်းကို နားထောင်ရတာ သဘောကျတယ်။
"အချစ်ဇာတ်လမ်းလေး..အဲ့ဒီမှာ ဝမ်ရိပေါ်နဲ့ရှောင်းကျန့်ဆိုတဲ့ ဟီးရိုးနှစ်ယောက်ပါတယ်" နာမည်တွေကိုကြားပြီး သူ့အဖေရဲ့မျက်နှာက ဖျော့တော့သွားတယ်။
"သားရဲ့မေမေက နောက်ထပ်ဘာပြောသေးလဲ?" သူက သူ့မိန်းမကို လှည့်ကြည့်လိုက်တယ်။
သူမက ထမင်းစားပွဲမှာ သူမယောက်ျားအတွက် အစားအသောက်တွေ ပြင်ဆင်နေတယ်။ သူမရဲ့လက်တွေက ရပ်တန့်သွားပြီး သူမကိုကြည့်နေတဲ့ သူမယောက်ျားကိုကြည့်ကာ မျက်လွှာချလိုက်တယ်။
YOU ARE READING
The lament [Completed]
Fanfiction[Zawgyi] ရှောင်းကျန့်က သူ့ရဲ့မင်္ဂလာပွဲအတွက် ပြင်ဆင်နေတယ်။ သူက သတို့သားဝတ်စုံပြည့် ဝတ်ဆင်ထားပေမယ့်လည်း ကံကြမ္မာက ရက်စက်ခဲ့တယ်။ မင်္ဂလာဆောင်တဲ့နေ့မှာပဲ သူချစ်ရတဲ့ စေ့စပ်ထားသူက ကားမတော်တဆမှုဖြစ်ခဲ့ပြီး သူ့ကို ခွဲခွာသွားခဲ့တယ်။ သေဆုံးမှုက ရက်စက်လွန်းတယ်။ လူတိ...