-11

209 12 0
                                    

{Zawgyi}

ရိပေါ်က မြင်းဇက်ကြိုးကိုကိုင်ပြီး အမိန့်ပေးလိုက်တယ်။

ပထမတော့ ရှောင်းကျန့်က ကြောက်စိတ်ကြောင့် မျက်လုံးမှိတ်လိုက်ပြီး ခဏအတွင်းမှာပဲ မျက်လုံးပြန်ဖွင့်ကာ လက်ကိုဖြန့်လိုက်တယ်။ အေးမြတဲ့လေနုအေးက တစ်ကိုယ်လုံးကို ဖြတ်တိုက်သွားပြီး သူ့မျက်လုံးတွေကို အသာအယာပြန်ပိတ်လိုက်တယ်။

ရိပေါ်က မြင်းဇက်ကြိုးကို ဆွဲယူကာ အရှိန်မြှင့်လိုက်တယ်။ သူက ရှောင်းကျန့်ကို သူနဲ့အတူ ဒီကမ္ဘာကြီးကနေ စွန့်ခွာပြီး အေးအေးချမ်းချမ်း နေထိုင်ဖို့ အဝေးတစ်နေရာကို ထွက်သွားချင်ပုံရတယ်။

လယ်ကွင်းအိမ်နဲ့ ဝေးတဲ့နေရာမှာ ရိပေါ်က မြင်းကို ရပ်လိုက်ပြီး ရှောင်းကျန့်ကို အောက်ချပေးလိုက်ကာ သူလည်း ဆင်းလိုက်တယ်။

"ရိပေါ်..ဟိုးကိုကြည့်လိုက်" ကလေးအချို့က အဲ့ဒီနေရာမှာ ကစားနေကြပြီး ရှောင်းကျန့်ရဲ့အာရုံကို ဖမ်းစားသွားတယ်။

ရိပေါ်က မြင်းကို သစ်ပင်မှာချည်လိုက်ပြီး ကလေးတွေဆီကို ရှောင်းကျန့်နောက်ကနေ လိုက်သွားလိုက်တယ်။

ကလေးတွေက ရှောင်းကျန့်ကိုမြင်တာနဲ့ ဝိုင်းအုံလာကြတယ်။ "ကောကောက မြို့ကနေလာတာလား?" ကလေးမလေးတစ်ယောက်က အသံတိုးတိုးလေးနဲ့ မေးလာခဲ့တယ်။

"ဟုတ်တယ်" ရှောင်းကျန့်က ပြုံးပြုံးရွှင်ရွှင်နဲ့ ခေါင်းညိတ်ပြလိုက်တယ်၊ ဒီနေ့ သူပျော်နေတယ်၊ ​​ကလေးတွေကြောင့် သူရခဲ့တဲ့ ပျော်ရွှင်မှုက အကန့်အသတ်မရှိဘူး။

"ဒါဆို ကျွန်တော်တို့နဲ့ ကစားပါ" ကောင်လေးတစ်ယောက်က သူ့ခြေထောက်ကို အောက်ကနေကိုင်လှုပ်ရင်း ပြောလာတယ်။

"ကစားမှာပေါ့" ရှောင်းကျန့်က ခန္ဓာကိုယ်ကို ကိုင်းညွတ်ပြီး ကလေးလေးကို ပွေ့ချီလိုက်တယ်။ "ရိပေါ် ဘယ်လိုဂိမ်းမျိုး ကစားချင်လဲ?" ရှောင်းကျန့်က သူ့ကို မေးလိုက်တယ်။

ကလေးတွေနဲ့အတူ ရှောင်းကျန့်နဲ့ရိပေါ်က ကစားခဲ့ကြတယ်။ ညနေရောက်လာတော့ ကလေးတွေအိမ်ပြန်ရမယ့်အချိန်ရောက်လာခဲ့တယ်။

The lament [Completed]Where stories live. Discover now