{Zawgyi}
ရှောင်ကျဲမင်နဲ့ မဒမ်ယုတို့က သူတို့ရဲ့အခန်းထဲမှာ ထိုင်နေပြီး ရှောင်ကျဲမင်က လက်ပ်တော့နဲ့ အလုပ်လုပ်နေတယ်။
"ကျဲမင်..ဘာလို့ အဲ့လိုဆုံးဖြတ်ခဲ့တာလဲ" မဒမ်ယုက မစ္စတာရှောင်ကိုမေးလိုက်တော့ သူက ပြန်ဖြေလာတယ်။ "သူတို့ကံကြမ္မာကြောင့်ပေါ့"
"ကိုယ်တို့ သူတို့ကို ခွဲချင်တယ်ဆိုရင်တောင် ခွဲလို့မရဘူး။ အရင်တုန်းက သူတို့ကို ခွဲထားတာပိုကောင်းတယ်လို့ ကိုယ်ထင်ခဲ့တယ်။ ဒါပေမဲ့ အခု သူတို့လည်း အရွယ်ရောက်လာပြီ။ အမှား၊ အမှန်ကို ဆုံးဖြတ်နိုင်နေပါပြီ"
"ရိပေါ်က သားကျန့်ကို ကောင်းကောင်းဂရုစိုက်မယ်လို့ ကိုယ် ယုံကြည်တယ်" ရှောင်ကျဲမင်က ပြောလိုက်ကာ ဖြစ်လာမယ့်အရာတွေအတွက် စိုးရိမ်နေပြီး သူ့သားအတွက်ပျော်ရွှင်နေတဲ့အပြုံးနဲ့ သူ့မိန်းမကို ပြုံးပြလိုက်တယ်။
သဘက်ခါ(မင်္ဂလာပွဲနေ့)
ရှောင်းကျန့်က သူအချစ်ဆုံးသူနဲ့ လက်ထပ်ရတော့မှာမို့ ပျော်ရွှင်နေတယ်။
ဒီနေ့မှာ သူ့ပျော်ရွှင်မှုက အကန့်အသတ်မရှိဖြစ်နေပြီး သူ့မျက်လုံးထဲမှာလည်း မျက်ရည်တွေရစ်ဝိုင်းနေတယ်။
သူက မင်္ဂလာအချိန်ကို စောင့်မျှော်နေပြီး စိတ်အားထက်သန်မှုတွေနဲ့ ပြည့်နှက်နေတယ်။
တစ်ဖက်မှာ ဟဲလင်းဝေက သူ ရိပေါ်ကို ချစ်မိသွားတဲ့အတွက် စိတ်မကောင်းဖြစ်နေတယ်။ သူ့မျက်စိရှေ့မှာ အခြားသူတစ်ဦးနဲ့ လက်ထပ်တာကို မြင်ရတာက သူမအတွက်တော့ ပြစ်ဒဏ်တစ်ခုပဲ။
ဧည့်သည်တွေအားလုံး ရောက်ရှိလာကြပြီး မစ္စတာဝမ်နဲ့ မစ္စဝမ်လည်း ရောက်နေပြီဖြစ်ကာ ရှောင်မိဘနှစ်ပါးနဲ့ စကားပြောနေတယ်။
"ဝမ်ရွမ်..ရိပေါ် မလာသေးဘူးလား။ သူ ဘယ်မှာလဲ?" ရှောင်ကျဲမင်က မစ္စတာဝမ်တို့နဲ့အတူ ရိပေါ် ပါမလာတာကိုမြင်လိုက်ရတော့ မေးလိုက်တယ်။
"လက်မထပ်ခင် သားကျန့်ကို surprise လုပ်ပေးဖို့ စီစဉ်နေတယ်ပြောတာပဲ။ သူ အဲ့ဒါနဲ့ အလုပ်ရှုပ်နေတာလေ။ သိပ်မကြာခင်တော့ ရောက်လာမှာပါ" မစ္စတာဝမ်က ပြန်ဖြေတယ်။
YOU ARE READING
The lament [Completed]
Fanfiction[Zawgyi] ရှောင်းကျန့်က သူ့ရဲ့မင်္ဂလာပွဲအတွက် ပြင်ဆင်နေတယ်။ သူက သတို့သားဝတ်စုံပြည့် ဝတ်ဆင်ထားပေမယ့်လည်း ကံကြမ္မာက ရက်စက်ခဲ့တယ်။ မင်္ဂလာဆောင်တဲ့နေ့မှာပဲ သူချစ်ရတဲ့ စေ့စပ်ထားသူက ကားမတော်တဆမှုဖြစ်ခဲ့ပြီး သူ့ကို ခွဲခွာသွားခဲ့တယ်။ သေဆုံးမှုက ရက်စက်လွန်းတယ်။ လူတိ...