{Zawgyi}ရိပေါ် စာအုပ်ထဲက ဓာတ်ပုံကို ထုတ်ယူကြည့်ကာ ပြုံးလိုက်တယ်။ ဓာတ်ပုံထဲမှာ လွန်ခဲ့တဲ့ငါးနှစ်က သူနဲ့ ကျန့်ကောက နှစ်သစ်မှာ မီးထွန်းကာ ဆုတောင်းနေခြင်းဖြစ်တယ်။
အဲ့ဒီအချိန်ကို သူ ကောင်းကောင်းမှတ်မိနေသေးတယ်။ အဲ့ဒါက သူနဲ့ ကျန့်ကော နောက်ဆုံးအကြိမ် နှစ်သစ်ကို အတူတူကျင်းပခဲ့ခြင်းဖြစ်တယ်။
"မေမေ..ကျွန်တော် မသွားချင်ဘူး" လွန်ခဲ့တဲ့ငါးနှစ်က ရိပေါ်က အသက်18နှစ်ပဲရှိသေးတယ်။ သူက နိုင်ငံခြားမှာ ကျောင်းသွားမတက်ချင်ကြောင်း သူ့အမေကို ပြောလိုက်တယ်။
"ဘာလို့ မသွားချင်တာလဲ?" သူ့အမေက မေးလာတယ်။
"ကျွန်တော် ဒီမှာပဲ ကျန့်ကောနဲ့အတူတူ ကျောင်းတက်ချင်တယ်" သူ အလေးအနက်ပြောလိုက်တယ်။ သူ့အမေနဲ့ ကျန့်ကောရဲ့အမေက ညီအစ်မတွေလိုချစ်ကြတဲ့သူတွေဖြစ်တယ်။ ဝမ်မိသားစုနဲ့ လက်ထပ်ပြီးတဲ့နောက် သူတို့နှစ်ယောက်က အရမ်းရင်းနှီးခဲ့ကြတယ်။
အဲ့ဒီအတွက် သူတို့ အရမ်းပျော်ရွှင်ခဲ့တယ်။ ရှောင်းကျန့်က ရိပေါ်ထက် ဆယ်လကြီးတာကြောင့် သူက ရှောင်းကျန့်ကို ကောလို့ခေါ်ခဲ့တယ်။
ရှောင်းကျန့်နဲ့ ရိပေါ်က ငယ်ငယ်ကတည်းက အတူတူကြီးပြင်းလာခဲ့ကြတယ်။ လမ်းလျှောက်တတ်ဖို့၊ စကားပြောတတ်ဖို့ အတူတူသင်ယူခဲ့ကြပြီး ကျောင်းလည်း အတူတူတက်ခဲ့ကြတယ်။
လူတွေက သူတို့ကို အကောင်းဆုံးညီအစ်ကိုတွေလို့ ပြောကြတယ်။ သူတို့က ညီအစ်ကိုမတော်ပေမယ့် အားလုံးက သူတို့ကို ညီအစ်ကိုတွေလို့ ခေါ်ကြတယ်။
"သား ဘာပြောလိုက်တာလဲ?တကယ်လို့ သား ဒီမှာရှိနေတာက ကျန့်လေးကြောင့်ဆိုတာသာ ကျန့်လေးသိသွားရင် စိတ်ဆိုးသွားလိမ့်မယ်။ သားက အဲ့လိုဖြစ်စေချင်တာလား?" သူမက ရိပေါ်ကို နားဝင်အောင် ပြောပြလာခဲ့တယ်။
"ဟုတ်တယ်။ သူက ကျွန်တော့်ကို စိတ်ဆိုးစေချင်တာနေမှာပေါ့" ရှောင်းကျန့်က ပြောရင်းနဲ့ အခန်းထဲကို ဝင်လာတယ်။ အမေနဲ့ သားဖြစ်သူရဲ့မျက်လုံးတွေက သူ့ဆီရောက်လာခဲ့တယ်။
YOU ARE READING
The lament [Completed]
Fanfiction[Zawgyi] ရှောင်းကျန့်က သူ့ရဲ့မင်္ဂလာပွဲအတွက် ပြင်ဆင်နေတယ်။ သူက သတို့သားဝတ်စုံပြည့် ဝတ်ဆင်ထားပေမယ့်လည်း ကံကြမ္မာက ရက်စက်ခဲ့တယ်။ မင်္ဂလာဆောင်တဲ့နေ့မှာပဲ သူချစ်ရတဲ့ စေ့စပ်ထားသူက ကားမတော်တဆမှုဖြစ်ခဲ့ပြီး သူ့ကို ခွဲခွာသွားခဲ့တယ်။ သေဆုံးမှုက ရက်စက်လွန်းတယ်။ လူတိ...