{Zawgyi}
ရိပေါ်ရဲ့လေယာဉ်က တရုတ်airport ကို ဆင်းသက်လာတယ်။
သူက ဘယ်သူ့ကိုမှအသိမပေးဘဲ ပြန်ရောက်လာခြင်းဖြစ်ပြီး သူ့မိဘတွေနဲ့ သူ့အချစ်ကျန့်တောင် မသိကြသေးဘူး။
"ဟယ်လို အန်ကယ်" ရိပေါ်က သူ့အဖေရဲ့လက်ထောက်ကို ဖုန်းခေါ်လိုက်တယ်။
"ရိပေါ်..သားလား?" ဖုန်းတစ်ဖက်က လူကြီးက မေးလာတယ်။
"ဟုတ်ကဲ့..ကျွန်တော်ပါ။ အန်ကယ့်ကို အကူအညီလေး နည်းနည်းလောက်တောင်းလို့ရမလား?" ရိပေါ် အရင်မေးလိုက်တယ်။
"အကူအညီ..ဘယ်လိုအကူအညီမျိုးကို ပြောနေတာလဲ။ ပြီးတော့ ဘာလို့အန်ကယ့်ကို အကူအညီတောင်းတာလဲ?" တစ်ဖက်လူရဲ့စကားကို နားထောင်ပြီးတဲ့နောက် ရိပေါ် ပြုံးလိုက်တယ်။ Mr Feng yun က သူ့ကို သေချာပေါက် ကူညီပေးမယ်ဆိုတာ သူ ကောင်းကောင်းသိတယ်။
"ဘေဂျင်း airport ကို ကားတစ်စီးလောက် လွှတ်ပေးလို့ရမလား အန်ကယ်" ရိပေါ် မေးလိုက်တယ်။
"ကောင်းပြီလေ။ ဒါပေမဲ့ ဘာလို့လဲ?" လူကြီးက နားမလည်စွာ မေးလာတယ်။
"ကျွန်တော့်ပစ္စည်းတွေကို အိမ်ကိုပို့ချင်လို့ပါ" ရိပေါ်ပြောလိုက်တဲ့အခါ Mr Feng Yun ရဲ့မျက်လုံးတွေ ပြူးကျယ်သွားတယ်။
"ဘယ်လို!!" ဖုန်းတစ်ဖက်က အော်သံထွက်ပေါ်လာတယ်။ ရိပေါ် ဖုန်းကို နားကနေ ခွာလိုက်ပြီး ပြန်နားထောင်လိုက်တယ်။ ထွက်လာတဲ့အသံက ကျယ်လွန်းတာကြောင့် speaker တောင်ဖွင့်စရာ မလိုတော့ဘူး။
"ouch..ကျွန်တော့်နားတွေ အူသွားပြီ။ ဘာလို့ အော်နေတာလဲ?"
"သား ဘာပြောလိုက်တာ? တရုတ်ကို ပြန်ရောက်နေပြီလား?" Mr Feng Yun ရဲ့အသံမှာ ထိတ်လန့်အံသြောမှုတွေ ပါဝင်နေတယ်။
"တကယ်လို့ ဒီအကြောင်းကို ဆရာ သိသွားခဲ့ရင် ရိပေါ်နဲ့ အန်ကယ့်ကို ဆီထဲမှာ ကျွတ်အောင်ကြော်ပြီး ခွေးစာကျွေးပစ်လိမ့်မယ်""အဲ့ဒါကြောင့် အန်ကယ့်ကို ကျွန်တော် ဖုန်းခေါ်လိုက်တာပေါ့။ ကျွန်တော် တစ်ယောက်တည်း မသေချင်ဘူး" ရိပေါ်ပြောတာကြားပြီး Mr Feng Yun သူ့နားကိုတောင်သူ မယုံချင်ဘူး။ ရိပေါ်က သူ့အဖေကို ဒေါသထွက်အောင် တကယ်ကိုလုပ်ရဲတာပဲ။
YOU ARE READING
The lament [Completed]
Fanfic[Zawgyi] ရှောင်းကျန့်က သူ့ရဲ့မင်္ဂလာပွဲအတွက် ပြင်ဆင်နေတယ်။ သူက သတို့သားဝတ်စုံပြည့် ဝတ်ဆင်ထားပေမယ့်လည်း ကံကြမ္မာက ရက်စက်ခဲ့တယ်။ မင်္ဂလာဆောင်တဲ့နေ့မှာပဲ သူချစ်ရတဲ့ စေ့စပ်ထားသူက ကားမတော်တဆမှုဖြစ်ခဲ့ပြီး သူ့ကို ခွဲခွာသွားခဲ့တယ်။ သေဆုံးမှုက ရက်စက်လွန်းတယ်။ လူတိ...