*no love part 1*

3.3K 120 0
                                    

"ဒီနေ့ ကိုယ့်အတွက် ဘယ် tea ရွေးချယ်ပေးချင်လဲ"
"ရှင့်ကြည့်ရတာ သိပ်မလန်းဘူး အလုပ်ရှုပ်နေလို့လား ဒါဆို mood changes ဖြစ်မယ့် teas တွေ ပြောပြပေးမယ်လေ"
"call me mommy"
"ဟမ်..ဘာလို့ ရုတ်တရက်လဲ"
"အဲ့လိုမရဘူးလား"
"no, mommy"
"အိုခေ"

သူမက ရယ်ပြီး ကျမပြောလာမယ့်စကားတွေကို
စောင့်နေတယ်
သူမနဲ့ကျမရဲ့ဆက်ဆံရေးက အနည်းငယ်တော့ ရှုပ်ထွေးတယ်
sugar mommy & little baby ဒါမှမဟုတ် girlfriend လို့ပြောရမလား
တကယ်တမ်း ကျမတို့နှစ်ယောက်ရဲ့ပတ်သက်မှုက စည်းကမ်းသတ်မှတ်ချက်တချို့နဲ့ အတူရှိနေကြတဲ့ relationship တခုပါ
အဲ့တာကို ဘယ်လိုအမည်တပ်ရမလဲ ‌မဝေခွဲတတ်ဘူး

"မနေ့ညက အလုပ်ရှုပ်နေတာနဲ့ ညဉ့်နက်သွားတယ် အဲ့တာကြောင့် ကောင်းကောင်းမအိပ်လိုက်ရဘူး"
"အလုပ်ရှုပ်နေတာလား ဘေးမှာတ‌ယောက်ယောက်ရှိနေလို့လား"
"ရှိနေမှာ စိတ်ပူလို့လား"
"မဟုတ်ပါဘူး ဒီအတိုင်းမေးကြည့်တာ
ရှင့်အတွက် tea ရွေးပေးမလို့လေ"
"mommy"
"အိုခေ mommy ဒီနေ့ ဘာလို့ တချိန်လုံး အဲ့လိုခေါ်စေချင်နေတာလဲ mommy လို့ ခေါ်ခံရတာကို အဲ့လောက်ထိကြိုက်မှန်း ရာမသိခဲ့ရပါလား"
"မပြောတတ်ဘူးလေ ကိုယ့်စိတ်က ‌သိပ်မကြည်လို့လား"
"ဒါဆို mommy လို့ ခေါ်ခံရတာကို ကျေနပ်တယ်ပေါ့"
"မင်းခေါ်တော့လည်း နားထောင်ကောင်းသားပဲ"
"အိုခေ"
"ရိုးရိုး tea သောက်ချင်လား
herbal teas တွေ ရွေးမလား..mommy"

mommy လို့ခေါ်သံကြားတဲ့အခါ သူမက
ကျမကို ငေးကြည့်နေရင်းက ပြုံးလိုက်တယ်

"မင်းပြောကြည့်လေ"
"အိပ်ရေးမဝတဲ့မနက်ခင်းတွေအတွက်ဆိုရင်တော့ white tea ကလည်း သင့်တော်တယ်
white teas တွေဆိုရင်
silver needle(bai hao yin zhen)
အရွက်ပုံစံကြောင့်
white peony(bai mu dan)
darjeeling white tea(ချိုအီနေတဲ့ အသီးအနံ့အရသာနဲ့)
အဲ့တာတွေကို ရွေးလို့ရတယ်
ပြီးတော့ green tea ကလည်း စိတ်ပူပန်မှု ဖိအားတွေကို သက်သာစေတယ်
အရသာပိုကောင်းအောင်တော့ ရာက milk tea လုပ်ပေးလို့ရတယ်"
"herbal teas တွေကရော"
"စိတ်ဖိအားနဲ့ ပူပန်မှုတွေကို လျော့ပါးစေပြီး
စိတ်ကြည်လင်ဖို့အတွက်ဆိုရင် ရွေးချယ်လို့ရတာက
chamomile tea
စိတ်ကျခြင်းလက္ခဏာတွေကိုပါ သက်သာစေတယ်
lemon balm tea
lemon ရနံ့ တကယ်တော့ သံပရာရနံ့နဲ့ စိတ်အခြေအနေကို ကောင်းမွန်စေတယ်
hibiscus tea
သူက immune ခုခံအားစနစ်အတွက်လည်း ကောင်းတယ်
ကိုယ်အလေးချိန်ကိုလည်း ကျစေတယ်
passion flower tea
စိတ်ပူပန်မှု anxiety ကို သက်သာစေတယ်
lavender tea
အရေပြားအတွက် ကုစားပေးနိုင်တဲ့အာနိသင်ရှိသလို နာကျင်ကိုက်ခဲမှုတွေကိုလည်း သက်သာစေတယ်
hops tea
စိတ်ကျခြင်းနဲ့ စိတ်ဖိအားတွေကိုပါ လျော့ပါးစေတယ်
sage tea
စိတ်ခံစားချက်ပိုင်းဆိုင်ရာကို ကောင်းမွန်စေတယ်
ashwagandha
စိတ်ပူပန်မှုနဲ့ ပင်ပန်းနွမ်းနယ်တာတွေကို သက်သာစေသလို ရောင်ရမ်းမှုတွေကိုလည်း လျော့ပါးစေတယ်
liquorice root tea
စိတ်ပူပန်မှုနဲ့ ဖိအားတွေကို သက်သာစေတယ်
peppermint tea
ပင်ပန်းနွမ်းနယ်တာတွေကို သက်သာစေပြီး
စိတ်ပူပန်မှုကို လျော့ပါးစေတယ်"
"ဒါဆို မင်းရွေးပေးလေ
ကိုယ့်ကို ဘာသောက်စေချင်လဲ"
"ဒါက ရှင့်အ‌ပေါ်ကို ထိန်းချုပ်ခွင့်ပေးသလို
ဖြစ်မနေဘူးလား"
"ရပါတယ် မင်းက ကိုယ့်ကောင်မလေးပဲလေ
baby"
"အိုခေ ဒါဆို
white tea ဖျော်ပေးမယ်
ပြီးတော့ ခဏစောင့်"
"အိုခေ"

*no love*(complete)Where stories live. Discover now