*no love part 5*

746 72 5
                                    

"နင့်ဘဝမှာ အနည်းဆုံးတခါတော့ လူတယောက်နဲ့ ကြုံရလိမ့်မယ် ကီယာ
နင့်ရဲ့စံနှုန်းတွေကို ဖြိုဖျက်ပစ်မယ့်လူတယောက်
အချစ်ကို ယုံကြည်လာစေဖို့ သင်ပြပေးမယ့်လူတယောက်
အဲ့ဒီအချစ်ကို နင်တွေ့ရင် ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် ပိုင်ဆိုင်ချင်လိမ့်မယ်
ပြီးတော့ အဲ့ဒီအချစ်ကပဲ နင့်ကို နာကျင်မှုတွေပါ
ယူလာပေးလိမ့်မယ်"
"ငါက အချစ်ကိုမှ မယုံကြည်တာ
နာကျင်မှုတွေပါ ရလာမယ်ဆိုမှတော့ ငါ အဲ့ဒီအချစ်ကို လက်မခံဘူး"
"အဲ့ဒီအချစ်ကို‌တွေ့တဲ့အခါ နင့်နှလုံးသားက နင့်ဦးနှောက်ကပြောတာကို နာခံမယ်ထင်လား ကီယာ နင့်ရဲ့ဦးနှောက်က နင့်စိတ်ကိုလိမ်ညာနေတာ
နင့်ရဲ့နှလုံးသားကသာ အမှန်တရားကိုသိတာ
နာကျင်ရရင်တောင် ထိုက်တန်တယ်လို့ နင်တွေးနေမိမှာ ကီယာ
အဲ့ဒီအချစ်က နာကျင်ရရင်တောင် နင်ရယူချင်လိမ့်မယ် ဘာလို့ဆို အချစ်က သိပ်လှလို့
အဲ့ဒီအချစ်သာ နင့်နှလုံးသားထဲမှာ အမြစ်တွယ်လာရင် နင်ပျော်ရွှင်နေမှာ အသေအချာပဲ ကီယာ
အခုပဲကြည့် အရင်ကလို လေးလံမှုမျိုး နင့်စိတ်မှာ ရှိသေးလား သတိထားမိလား လွတ်လပ်ပေါ့ပါးတဲ့စိတ်နဲ့ ပျော်ရွှင်မှုမှန်သမျှကို
နင့်နှလုံးသားက အလိုက်သင့်လက်ခံလာတယ်
နင် ပိုပြီး ပြုံးရယ်တတ်လာတယ်လေ ကီယာ"
"အဲ့တာက ရာ့ကြောင့်လား.."

ကျမတို့ကြားမှာ အချစ်မှမရှိတာ
ရာက ကျမကို ချစ်မနေဘူးလေ
ကျမကရော ရာ့ကို ချစ်မနေဘူးလား..

"ငါ မပြောတတ်ဘူး ကီယာ
ဒါပေမယ့် ဘယ်လိုလူမျိုးက နင့်ဆန္ဒတွေကို
လိုက်လျောပေးမှာလဲ ကီယာ
သူ့ဘက်ကရော တောင်းဆိုဖူးလား"
"သူ့ကို လက်ခံဖို့ အရင်တောင်းဆိုတာလေ
အခုလို ငါ့အပေါ်လိုက်လျောပေးတာက သူ့မှာတာဝန်ရှိလို့ပဲ"
"နောက်ထပ်ရော နင့်ဆီက ဘာမှမတောင်းဆိုဘူးလား နင်က president လေ ကီယာ
သူတောင်းဆိုသမျှ နင်ဖြည့်ဆည်းပေးနိုင်တာ
သူသိတယ် ဒါပေမယ့် ဘာလို့ ဘာမှထပ်ပြီး
မတောင်းဆိုတာလဲ"
"ငါမသိဘူး မေမွန်"
"နင့်ဆီက နောက်ထပ်မလိုချင်တော့လို့လေ
ကီယာ နင့်အနားမှာပဲ ရှိနေချင်လို့"
"ဒါပေမယ့် သူ ငါ့ကို ချစ်မနေဘူးလေ"
"ဒါဆို နင့်ကို ပျော်အောင် သူ ဘာလို့ လုပ်ပေးနေတာလဲ အဲ့တာက တာဝန်ရှိလို့တဲ့လား
ရှုပ်ထွေးတဲ့ နင်တို့ရဲ့ relationship မှာ အဲ့လိုလုပ်ပေးဖို့မလိုတာ နင်လည်း သိတယ် သူလည်း သိတယ် ဒါပေမယ့် ဘာလို့လဲ နင်တွေးမိလား"
"ငါ မသိဘူး"
"အချိန်လွန်မှ နောင်တရမှာမျိုး ငါ နင့်ကို
မဖြစ်စေချင်ဘူး ကီယာ
နင့်နှလုံးသားကို သေချာမေးပါ
တကယ်တမ်း ဘာလိုချင်တာလဲ"
"သာယာနေမိတာလား
ပျော်ရွှင်ရတယ်ဆိုပေမယ့် ဒီလိုမျိုး ငါ့ကို ဘယ်သူမှ ဂရုမစိုက်ပေးခဲ့ဖူးဘူးလေ
ဒါကြောင့် ငါ့စိတ်က အရင်လိုမဟုတ်တာဖြစ်မယ်"
"နင်က အရူးပဲ ကီယာ
အဲ့လောက်တောင် နင့်နှလုံးသားက အေးခဲနေတာလား"
"အဲ့လိုမဟုတ်ပါဘူး"
"ဒါပေမယ့် နင်တို့နှစ်ယောက်က အခု married couple လိုပဲနော်"

*no love*(complete)Where stories live. Discover now