ဒီရက်ပိုင်း အလုပ်တွေကိုပဲ အာရုံစိုက်ဖို့ ကီယာ့ဆီမသွားခဲ့ဘူး
ကီယာကတော့ မနက်တိုင်း ကျမရဲ့ tea ဆိုင်ကို
ရောက်လာတယ်
bartender လုပ်ရမယ့် ညပိုင်းမှာလည်း ကျမရှိတဲ့ ဘားကို ရောက်လာတယ်
ပြီးတော့ ကျမနဲ့အနီးဆုံးနေရာမှာပဲ ထိုင်တယ်
ဒီနေ့မနက်တော့ သူမက တယောက်တည်းမဟုတ်ပဲ အမျိုးသမီးတယောက်နဲ့ အတူလာတယ်
ကျမရဲ့အမျိုးသမီးကလေ
နေပါဦး..ကီယာက ကျမရဲ့အမျိုးသမီးမှမဟုတ်တာ"ဘာသောက်မလဲ ကီယာ"
"မင်း ကိုယ့်ကို ရွေးပေးမှာမဟုတ်လား"
"ဒီနေ့တော့ မရွေးပေးတော့ဘူး"
"ဘာတွေရလဲ ကလေး
ကိုယ်က ဒီဆိုင်ကို အခုမှရောက်ဖူးတာဆိုတော့"
"ဟုတ်"ကီယာနဲ့အတူပါလာတဲ့ အမျိုးသမီးက မေးတယ်
"ဘာလို့ ကလေးလို့ခေါ်တာလဲ"
"ငါတို့အတွက် ကလေးအရွယ်ပဲလေ"
"7 နှစ်ငယ်တယ်"
"အင်းလေ"ကီယာနဲ့ ထိုအမျိုးသမီးက ခေါင်းချင်းဆိုင်ပြီး
ငြင်းနေကြလေရဲ့
ကျမအတွက် ဘာမှမှ မဖြစ်တာကို
ကလေးလို့ခေါ်တာကို ကြိုက်ပေမယ့်ပေါ့"ကိုယ့်ရဲ့လုပ်ငန်းပါတနာလေ"
ကီယာက ပြောပြပေမယ့် ကျမ သူ့ကို ပြန်မဖြေတော့ဘူး
ကျမသိစရာမှ မလိုတာပဲ
သူ့ဘာသာ ဘယ်သူနဲ့ အတူရှိရှိလေ"burmese tea တွေလည်း ရတယ် မမ
oolong tea, white tea လိုမျိုး chinese tea တွေ
daechucha, yujacha လိုမျိုး korean tea တွေ
mogwacha က အအေးမိတာကို ကာကွယ်နိုင်တော့ဆောင်းရာသီအတွက် သင့်တော်တယ် မမ
matcha, mugicha လိုမျိုး japanese tea တွေ
masala chai, darjeeling tea လိုမျိုး indian tea တွေ
indian tea တွေကတော့ spice ဟင်းခတ်အမွှေးအကြိုင် herbs ဆေးဖက်ဝင်အပင်တွေ ပါဝင်တာများတယ်
hot & spicy အရသာပဲ"ထိုအမျိုးသမီးက အနည်းငယ်ဝေခွဲမရတဲ့ပုံပါပဲ
"အခုမှသောက်မှာဆိုတော့ milk tea ပဲ ရွေးပါလား မမ
ဒီဆိုင်က milk tea ကို လူကြိုက်များတယ်"
"အိုခေ ဒါဆိုလည်း milk tea ပဲ ပေးပါ
ကီယာကရော"
"အင်း..ကိုယ်လည်း milk tea"ကျမ ကီယာတို့နှစ်ယောက်ကို ကျောခိုင်းပြီး အနောက်ကို ဝင်လာလိုက်တယ်
သူတို့အတွက် milk tea ဖျော်ပေးဖို့
ကောင်မလေးက ရှိပါတယ်
ကီယာ့ကို မြင်လို့ ကျမက အရှေ့ကို ထွက်လာလိုက်တာ
သူမ တယောက်တည်းပဲ ထင်ခဲ့လို့
YOU ARE READING
*no love*(complete)