လွန်ခဲ့တဲ့တနှစ် ဆောင်းဦးရာသီရဲ့မနက်ခင်းတခုမှာ ကီယာက လမ်းလျှောက်နေခဲ့တယ်
ဆိုင်တဆိုင်ရှေ့ကနေ ဖြတ်နေတုန်း ရနံ့တခုက သူမကို သစ်တောထဲ ခေါ်ဆောင်သွားတယ်
နောက်မှသိခဲ့ရတာ အဲ့တာ chaga tea ရဲ့ရနံ့ပါ
ဆိုင်ရှေ့ကိုရောက်တော့ နှင်းမှုန်လေးတွေက
ကျလာတယ်
အဲ့ဒီနှစ်ရဲ့ ပထမဆုံးနှင်း
ဆိုင်လေးကလည်း ရနံ့နဲ့လိုက်ဖက်တယ်
ရှေ့မျက်နှာစာမှာ မှန်တွေနဲ့ ကာထားပြီး
အတွင်းရော အပြင်ရောမှာ ပန်းပင်တွေ နံရံမှာလည်း ကပ်တွယ်စိုက်ထားတဲ့ နွယ်ပင်တွေနဲ့
ဆိုင်နာမည်ကို ဖတ်ကြည့်လိုက်တော့ dreamcatcher tea တဲ့
ဒီဆိုင်ပိုင်ရှင်က dreamcatcher လေးတွေကို သဘောကျလို့လား
dreamcatcher kpop girl group ကိုပဲ ကြိုက်တာကြောင့်လား
ဘာပဲဖြစ်ဖြစ်ပါလေ ရာသီဥတုကလည်း
အေးလာတာနဲ့ သူမ လက်ဖက်ရည်ဝင်သောက်ဖို့
ဆုံးဖြတ်လိုက်ပြီး ထောင့်ကစားပွဲလေးမှာ
ထိုင်လိုက်တယ်
အနာဂတ်မှာ သူမရဲ့ကိုယ်ပိုင်နေရာလေးတခုလို
ဖြစ်လာမယ့်စားပွဲပေါ့
ကောင်မလေးတယောက်က ဘာသောက်မလဲမေးတာနဲ့ milk tea ကိုပဲ သူမ မှာလိုက်တယ်သူ့ထက်ကြီးမယ့်ပုံပေါ်တဲ့ကောင်မလေးတယောက်ကတော့ စကားပြောနေတယ်
ကျမလည်း milk tea မှာပြီးရော သူမက ဆိုင်နောက်ကို ဝင်သွားတယ်
ဒါဆို သူမက လက်ဖက်ရည်ဖျော်ပေးမယ့်သူဖြစ်ရမယ်
သူမက တခြားသူတွေနဲ့ အနည်းငယ်တော့ ကွဲပြားတယ်
အေးစက်စက်ပုံစံဖြစ်နေပေမယ့် သူမရယ်ပြီး
စကားပြောနေရင် နွေးထွေးနူးညံ့တဲ့ပုံပေါက်သွားတယ်
သူမရဲ့မျက်ဝန်းတွေက ရိုးသားလို့ဖြစ်မယ်
အဲ့ဒီမျက်ဝန်းတွေ မျက်ခုံးမွှေးထူထူလေးတွေကြောင့်ပဲ သူမက အေးချမ်းအသွင်အပြင်ရှိနေတာ သူမပုံစံက လွတ်လပ်ပေါ့ပါးတယ်
သူမဝတ်ထားတာကလည်း ရိုးရိုးရှင်းရှင်းပါပဲ
တီရှပ်နဲ့ ဂျင်း
အဲ့တာကိုလည်း သူမ နှစ်သက်တဲ့ပုံစံမျိုးနဲ့
အဝတ်အစားကို သူမအတွက် သက်သောင့်သက် သာရှိတာကိုပဲ ရွေးချယ်မယ်ထင်တယ်
သူမအတွေးမှာ ရှုပ်ထွေးတာတွေ တခြားသူအမြင်ကို ဂရုစိုက်တာတွေ ရှိမယ့်ပုံလည်း မပေါ်ဘူး
သူမရဲ့ဆံပင်တွေကလည်း သူမလိုပဲ ရိုးရိုးရှင်းရှင်း အရမ်းကြီးမတိုသလို တအားလည်း ရှည်မနေဘူး
ဆံပင်စည်းရတာ သက်သာတာပေါ့
ကျမက ပထမဆုံးအကြိမ်အဖြစ်နဲ့ တစိမ်းမိန်းကလေးတယောက်ကို ငေးကြည့်နေမိတာပဲ
သူမနေရာကလည်း ကျမရဲ့မျက်ဝန်းတွေနဲ့ တည့်တည့်မှာလေ
ဒီနေ့ ကျမက မျက်မှန်တပ်ထားတော့ အမြင်က
ပိုကြည်လင်နေတာကြောင့်လား
သူမပြုံးတော့မယ့်အချိန် နှုတ်ခမ်းထောင့်စွန်းလေး ကွေးညွတ်သွားတာကအစ အထင်းသားမြင်နေရတယ်
သူမက စကားပြောလိုက်တာနဲ့ အပြုံးတွေကပါ ကပ်ပါလာတာ
ကျမထက်တော့ အများကြီးငယ်မယ့်ပုံပါပဲ
အရောင် ဟုတ်တာပေါ့
သူမကို အရောင်နဲ့တင်စားရရင် သေချာပေါက်
အဖြူရောင်ပဲ ဖြစ်မှာ
သစ်တောထဲက အဖြူရောင်လီလီပန်းပွင့်ငယ်လေး
ဘာလို့ ကျမ လီလီပန်းပွင့်ကိုမှ သတိရသွားလဲမသိဘူး
သူမက lesbian နဲ့ တူလို့လား
တကယ်တမ်း tomboy နဲ့ ပိုတူတာပါ
သူမပုံစံက ယောက်ျားလေးဆန်တယ်
အရမ်းကြီးကျားလျားနေတာမဟုတ်ပေမယ့်
သူမကို အမှတ်တမဲ့ကြည့်ရင် ယောက်ျားလေးတယောက်လို့ ထင်မိမှာ
ဒါပေမယ့် သူမက နူးညံ့ပါတယ်
YOU ARE READING
*no love*(complete)