*no love part 2*

1K 88 2
                                    

"မင်း ကိုယ့်နောက်ကို stalker လို လိုက်နေတာလား baby"
"အဲ့လိုပြောကြေးဆို ရှင်ပဲ ကျမနောက်ကို လိုက်နေတာဖြစ်မှာပေါ့ ကျမက ဒီ bar မှာ တပတ်ကို
3 ရက် bartender အဖြစ်နဲ့ လာကူပေးတယ်
တခုပဲ ရှင်လာတတ်တဲ့ရက်တွေကို မှတ်ထားပြီး
ကျမရဲ့အချိန်တွေကို ပြောင်းလိုက်တာတော့
ရှိတာပေါ့"

သူမက ရက်သတ္တပတ်ရဲ့အလယ် 3 ရက်မှာပဲ
bar ကို လာတတ်တယ်
တိတ်ဆိတ်ငြိမ်သက်တဲ့ bar တခုပါ
ဆူညံတဲ့ beat သံတွေမရှိဘူး ကျယ်လောင်တဲ့စကားပြောသံတွေမရှိဘူး
ဒီ bar ကို လာတဲ့သူတိုင်းက ကိုယ်ပိုင်အချိန်အဖြစ်နဲ့ relax လုပ်ဖို့အတွက်ပဲ
တယောက်တည်း အပန်းဖြေအနားယူဖို့အတွက်
ရည်ရွယ်ချက်နဲ့ ဖွင့်ထားတဲ့ bar
couple တွေ အဖွဲ့တွေ မလာဘူးလို့တော့ မဆိုလိုဘူးပေါ့
ကျမရဲ့ဝမ်းကွဲအမတယောက်ပိုင်တာပါ
bar ရဲ့နာမည်က dreamland
dreamcatcher tea ဆိုင်ကတော့ ကျမနဲ့ ဝမ်းကွဲအမတယောက်တွဲပြီး စဖွင့်ခဲ့တာပါ
အခုတော့ ကျမတယောက်တည်းအပိုင်ပေါ့

"ဘာလို့ ကိုယ်မသိခဲ့တာလဲ"
"ရှင်က ဒီထောင့်က စားပွဲမှာပဲထိုင်ပြီး waiter နဲ့သာ စကားပြောတာလေ
ကျမကို မမြင်တာ ဘာဆန်းလို့လဲ"
"မင်း ကိုယ့်ကို စောင့်ကြည့်နေခဲ့တာလား"
"ဆိုပါဝောာ့.."
"ဒါကို destiny ကံကြမ္မာလို့ မင်းထင်လား
ကိုယ်တို့ရဲ့ တွေ့ဆုံမှုကလေ"
"မထင်ပါဘူး"
"ဘာလို့လဲ.."
"ကျမကိုယ်တိုင် ရှင်နဲ့ဆုံဖို့ မကြိုးစားခဲ့ရင်
ရှင်နဲ့ကျမ သိနိုင်စရာအကြောင်းမှမရှိတာ
mightly president ကီယာက ကျမကို မြင်မှာတဲ့လား"
"ဒါပေမယ့် ကိုယ်တို့မှာ ဆုံတွေ့ရမယ့်ကံတရားတော့ ပါလာတယ်လေ"
"ကံဆိုတာ လူကလုပ်တာပါ president ရဲ့
အတိတ်ကံဆိုတာက အစိတ်အပိုင်းသေးသေးလေးအနေနဲ့ပဲ ပြီးတော့ အဲ့ဒီအတိတ်ကံဆိုတာက ပြောင်းလဲလို့ရတယ်"
"ဒီနေ့ မင်းကိုယ်တိုင် waiter လုပ်တာဆိုတော့
ကိုယ်နဲ့စကားပြောလို့ရတယ်မဟုတ်လား
ထိုင်လေ"
"ခဏ ကျန်တဲ့ bartender တယောက်ကို ပြောလိုက်ဦးမယ် ဒီအတိုင်း ထထွက်လာခဲ့တာ"
"အိုခေ"

ကျမ apron ကို ချွတ်ထားခဲ့ပြီး သူမအနားပြန်သွားလိုက်တယ်

"မင်းရော ဘာမှမသောက်ဘူးလား"
"ဟင့်အင်း..
ကျမက ဝိုင်ကလွဲပြီး ကျန်တာမသောက်တတ်ဘူး စိတ်ပါတဲ့အခါမှပဲ အခုတော့မဟုတ်ဘူး"
"ထူးဆန်းတယ်နော် bartender တယောက်က
မသောက်တတ်ဘူးဆိုတော့
မင်းက ဘာသာရေးကိုင်းရှိုင်းသူလား"
"အဲ့လိုလည်းမဟုတ်ပါဘူး
ကျမက ဘာသာတရားထက် လူသားဆန်တာကို
ပိုသဘောကျပါတယ်
ကိုယ်ချင်းစာစိတ်ပေါ့ ဘာသာတရားရဲ့အခြေခံက ကျင့်ဝတ်လေ ကိုယ်ကျင့်တရားပေါ့
မသောက်တာက ဒီအတိုင်း စိတ်ဒဏ်ရာတချို့ကြောင့်"

*no love*(complete)Where stories live. Discover now